Buddhism Beams (Myanmar) Website အား ပြည့်ဖြိုး(နည်းပညာမှတ်တမ်း) မှ ပြုလုပ် ဝယ်ယူ လှူဒါန်းသည်..

မီးလွတ်စားနည်း


ထေရဝါဒစာပေကို လေ့လာဖူးခြင်းမရှိသော သူများသည် မီးလွတ်စားခြင်းကိုပင် သာသနာတော်အကျင့်ဟု လွဲမှားစွာယုံကြည်လျက် ရှိကြ၏။ သာသနာရေး ဗဟုသုတ ချွတ်ချုံကျသူများက မီးလွတ်စားနေသူဆိုလျှင် သူတော်စင် သူတော်မြတ်ပမာ ကိုးကွယ်တတ်ကြ၏။ ဤသူများအနေဖြင့် သတိထင်ထင် ဆင်ခြင်နိုင်စိမ့်သောငှါ အနန်းပင်တောရဆရာတော် က ဗုဒ္ဓအလိုတော်ကျ မီးလွတ်စားနည်းကို ဤသို့ ညွှန်ပြတော်မှုခဲ့ပါ၏။ 

ပြဿဒါး ဟူသည်




နေ့ ရက်ဟူသည် သတ်မှတ်ချက်မျှသာ ဖြစ်ပါသည်။ ရက်သက်သက်သည် ရာဇာလည်းမဟုတ်။ ဒွန်းစဏ္ဍားလည်း မဟုတ်ပါ။လူသားတစ်ဦးအဖို့ အခါကောင်း ဟူသည်မှာ သုစရိုက်ပြုကျင့်သောအချိန်သာ ဖြစ်ပါ၏။ အခါဆိုးဟူသည်မှာ ဒုစရိုက်ပြုကျင့်သောအချိန်သာ ဖြစ်ပါ၏။ 
ဝေဒကျမ်းက ပြဿဒါးနေ့ ဟု သတ်မှတ်သောနေ့ တွင်ပင် ကံကောင်းကြုံသူ၊ အခါကောင်းကြုံသူ အများအပြား ရှိပါ၏ ။ ထိုသူများပြုသည့် ကောင်းမှု၏အကျိုးကို ကမ္မနိယာမ အားလျော်စွာ ခံစားကြရခြင်းသာ ဖြစ်၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံ၏ အကျိုးပေးနိုင်မှုသည် အချိန်တန်လျှင် အကျိုးပေးသည်သာ ဖြစ်ပါ၏။ အာသဝေါ မကုန်ခန်းသေးသည့် ဘာသာခြား ဗြဟ္မဏပုဏ္ဏားများ သတ်မှတ်ထားသည့် ရက်ရာဇာ၊ ပြဿဒါး ဟူသည်ကို ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့် အရေးစိုက်နေစရာ မလိုပါချေ။ ဤသည်နှင့် စပ်လျဉ်း၍ နမ္မားဆရာတော်ကြီး အရှင်ဉာဏ ကရှင်းလင်းပြတ်သားစွာ အဆုံးအမ ပေးသနားတော်မှုခဲ့ပါ၏။ ...
"ပြဿဒါးနေ့ မှာ ထန်းလျက်ခဲကိုစားရင် မချိုဘူးလား"
"ချိုပါတယ် ဘုရား"

မြတ်စွာဘုရားကို အလုပ်အကျွေးပြုခဲ့တဲ့ ရှင်အာနန္ဒာ




ညီအစ်ကို (၇) ယောက်
၁။ သုဒ္ဓေါဒန
၂။ ဓတောဒန
၃။ သက္ကောဒန
၎။ သုက္ကောဒန
၅။ အမိတောဒန
၆။ အမိတ
၇။ ပမိတာ

နံပါတ် (၁) အစ်ကိုအကြီးဆုံး သုဒ္ဓေါဒန ဆိုတာက မြတ်စွာဘုရားရဲ့ အဖေ။ နံပါတ် (၅) အမိတောဒန ဆိုတာက ရှင်အာနန္ဒာရဲ့ အဖေ။ ဆိုတော့ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ တို့က ညီအစ်ကို တစ်ဝမ်းကွဲ။ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာတို့က သက်တူရွယ်တူတွေ။ ဖွားဖက်တော်လို့ စာပေကဆိုတယ်။


မြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ပြီး (၂) နှစ်မြောက်မှာ ရှင်အာနန္ဒာ သာသနာဘောင်ဝင်ရောက် လာတယ်။ ဘုန်းကြီးဝတ်လာတယ်ပေါ့။ မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိတာက အသက် (၃၅) နှစ်အရွယ်ဆိုတော့
မြတ်စွာဘုရားအသက်    (၃၆) နှစ်ဖြစ်တဲ့ ဘုရားဖြစ်ပြီး (၂) နှစ်မြောက်မှာ
သက်တူရွယ်တူ (ဖွားဖက်တော်) ရှင်အာနန္ဒာသာသနာ့ဘောင်ဝတ်ရောက်လာတယ်လို့ ဆိုရမယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကယ်တင်ရှင်လော

အတ္တဟိ အတ္တနော နာထော့ - မိမိကိုယ်သာကိုးကွယ်ရာ

ထေရ၀ါဒ ဒေသနာအစဉ်၌ ကယ်တင်ရှင်ဟူ၍ မရှိ။ ကယ်တင်ပေးနိုင်သူ
ဟူ၍လည်း မရှိပေ။ ဗုဒ္ဓဘုရား ကိုယ်တိုင်လည်း လူသားတို့အတွက် ကယ်တင်ရှင် မဟုတ်ခဲ့၊ လူသားတို့အတွက် လမ်းညွှန်သူ သာဖြစ်လေသည်။ 

ဗုဒ္ဓဘုရားရှင်က -

 " ချစ်သားတို့၊ သင်တို့ လွတ်မြောက်မှုအတွက် သင်တို့ကိုယ်တိုင် ကြိုးစား အားထုတ်အပ်၏၊ ဘုရားရှင်တို့မည်သည် လမ်းညွှန် ဟောပြရုံသာ ဟောပြတော်မူနိုင်ကြကုန်၏၊ "

 ဟု ဓမ္မပဒဒေသနာ၌ အတိအလင်း ဟောပြထား၏။ 

ထို့ပြင် ခန္ဓ၀ဂ္ဂသံယုတ်၊ အတ္တဒီပသုတ်၌လည်း -

 "ရဟန်းတို့၊ မိမိကိုယ်သာ မှီခိုကြလျက်၊ မိမိကိုယ်ကိုသာ အားထားကြလျက် 
အခြားတစ်ပါးကို အားမကိုးကြဘဲ တရားကိုသာ မှီခိုကြလျက်၊ 
တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို 
အားမထားဘဲ နေကြကုန်လော့၊ "

ကံအပေါ် ယုံမှားသံသယ ရှိနေသည်လော


ကျွန်ုတော်တို့ဗုဒ္ဓဘာသာအများစုသည် ကုသိုလ်ကောင်းမှုများကို စွမ်းအား ရှိသလောက် ပြုလုပ် နေကြပါသည်။ သို့သော် တစ်ခါတရံ၌ ကိုယ်က ကောင်းမှုကုသိုလ်လုပ်၍ ကောင်းကျိုး မရသည့်အခါ စိတ်ဓာတ်တွေကျ၊ ဒေါသတွေဖြစ်ကာ ကိုယ့်ကံတရားနှင့် ကိုယ်ကိုယ်တိုင် လက်ခံယုံကြည်သော ဘာသာတရားကို သံသယဖြစ်လာတတ် ပါသည်။ 

ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လား.. ဆိုသော သံသယတွေဖြစ်လာတတ်ပါသည်။ မကောင်းတာလုပ်နေတဲ့လူတွေကြတော့လဲ မကောင်းကျိုးက မပေးပါဘူး သူတို့မှာ ချမ်းချမ်းသာသာ ကောင်းကောင်းမွန်မွန်နဲ့ ဇိမ်ကျနေလိုက်ကြတာ။ ကောင်းတာလုပ်လဲ ကောင်းကျိုးမပေးတဲ့ အတူတူတော့ဖြင့်
သူတို့လိုပဲ မကောင်းတာတွေလုပ်၊ စိတ်ရှိတိုင်း ထင်ရာစိုင်းကြရင်ကောင်းမလား
ဆိုသော အတွေးမှား အကြံမှား စိတ်ဆိုး စိတ်ယုတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုအခါ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်သော၊ စိတ်ထားမခိုင် သောသူများက မကောင်းမှုဘက်သို့ယိမ်းပါသွားတတ်ကြပါသည်။

ထိုအဖြစ်မျိုး ထိုအတွေးမှား၊ အကြံမှားမျိုး ဖြစ်ခဲ့ဘူးသူတို့၏ အကြောင်းကို တင်ပြလိုပါသည်... 

ရှင်ဥပဂုတ်သည် ထေရ၀ါဒပိဋကတ်တော်လာ ပုဂ္ဂိုလ်လော


ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုများထဲတွင် မဟာယာနဂိုဏ်းမှ အယူအဆများကို ရောနှောလက်ခံနေသည်ကိုလည်း တွေ့ရ၏။ ထိုအယူများအနက် ရှင်ဥပဂုတ် ကိုးကွယ်မှုသည် ရှေ့တန်း၌ ရှိနေလေသည်။

ရှင်ဥပဂုတ္တမထေရ်၏ အတ္ထုပ္ပတ်သည် မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်သော
ဒိဗျာဝဒါနကျမ်းမှ ဖန်တီးပေးလိုက်သော ဇတ်လမ်းဖြစ်သည်။
ရှင်ဥပဂုတ်မထေရ်သည် ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိဟူသော ဘွဲ့မည် အမျိုးမျိုးဖြင့်ထင်ပေါ်ကျော်ကြားသူဖြစ်သည်။

ရှင်ဥပဂုတ်မထေရ်နှင့် ပတ်သက်၍ ထေရ၀ါဒ ပိဋကတ်တော် အဋ္ဌကထာတို့၌
ကျယ်ပြန်စွာမပါရှိပေ ။ ထိုမထေရ် အကြောင်းကို သာသနာနှစ် ၈၀၀ ခန့်က
ရှင်မဟာနာမရေးသော မဟာဝင်ဝတ္ထု၌ ဖော်ပြခဲ့သည်။ ရှင်မဟာနာမသည် မဟာယာနကျမ်းစာ ဒိဗျာဝဒါနမှ ထုတ်ယူ၍ တင်ပြခဲ့ခြင်း ဖြစ်ပါမည် ။

ဆုတောင်းနေရုံဖြင့် ရမှာလား




(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊


ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု”အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုး တက်လိုခြင်း၊ ဘေးအန္တ ရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊

ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့် “ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊

“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလိုချင်သည့်အကျိုးကို တိတိကျကျမရရှိ” တတ်ဟူ၍ အဋ္ဌကထာ၊ ပါဠိအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာ ကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊
ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်း သာမှုအစ၊ ဘုရားအဖြစ်တိုင်အောင် ဆုလာဘ် များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာ ပေတွင်ညွှန်းဆိုထားခြင်း မရှိပါ၊၊

ဗုဒ္ဓရှင်တော်လက်ထက်တော်က လူပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာ ၀က၊ မဟာသာဝကနှင့် အခြားရဟန်း များအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့်၊ တပည့်သံဃာတော်များမှ “တောင်းသောဆုများ ပြည့်စုံကြပါစေ” ဟု ပြန်လည် မိန့်ဆိုကြသည်ကို တွေ့ရ သည်၊၊
“ပစ္စေကဗုဒ္ဓါအရှင်မြတ်”တို့သည်တရားအရှည်ကိုဟောလေ့မရှိဘဲ “တောင်းသောဆုများ၊ လိုအပ်သောဆုများ လပြည့်ညတွင် ထွက်ပေါ် သော ရွှေလမင်း ကြီးကဲ့သို့ ၀င်းဝင်းပပပြည့်ဝကြပါစေ”ဟု ဆုကိုသာပေး လေ့ရှိကြောင်းကို ပါဠိစာပေတွင်တွေ့ရသည်၊၊ ဆိုခဲ့ပြီးသည်များ ကိုထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း “ဆုတောင်း”သင့်သည်ဟု မှတ်သားရပါမည်၊၊

ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် စေတီပုထိုးများနှင့် ရဟန်းသံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာနှင့် မြန်မာတို့၏နှလုံးသား တွင် အမြစ်တွယ်နေပြီဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့်၊ ရှေးကြသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့်တွေ့ရသည်၊၊

“အရှင်မဟာသီလ၀ံသ”၏ “ဆုတောင်းခန်းပျို့”သည် ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ မည်မျှဆုတောင်းမှုကို နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့် အကောင်းဆုံး သာဓကကျမ်းစာတစ်ခု ဖြစ်ပါသည်၊၊ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့ လက်ခံကျင့်သုံးသည်ကိုလည်း ပြရာရောက် သည့်သာဓကလည်း ဖြစ် ပါသည်၊၊
အရှင်၏အမြင်တွင် “ဆုတောင်းခြင်းသည် စိတ်ကိုတစ်မျိုးတစ်ဖုံအားပေးရာရောက်သည်၊ နှစ်သိမ့်ရာ ရောက်သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်၊၊” 

ဘ၀တွင် တစ်ခါတစ်ရံ လက်လှန်းမမှီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော် တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီတောင်းဆိုလိုက်ရလျင် စိတ်များစွာသက်သာရသည်ကို ဆုတောင်းလေ့ရှိ သူတိုင်းက သိကြသည်၊၊
သတိပြုသင့်သည်မှာ မည်သည့်တန်ဖိုးရှိသည့်အရာမှ “ဆုတောင်း”သက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်၊၊ လိုချင်သည့်ဆုသည် အဖိုးထိုက်တန်လေလေ၊ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည် လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်၊၊

ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအထံတွင် “ဘုရားဆု”တောင်းခဲ့သော “သုမေဓာရှင် ရသေ့”သည် လေးအသင်္ချေ၊ ကပ္ပါတစ်သိမ်း ဒုက္ခများစွာကိုရင်ဆိုင်ကျော်လွှားရင်း၊ အများတကာမ ပြုနိုင်သည့် ဘ၀အရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို “ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်” များတွင် လေ့လာ ရရှိနိုင်သည်၊၊
ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ရှိကြသည်ကို လက်တွေ့ ပတ်ဝန်းကျင်တွင်မက “ဆဒ္ဒန်ဆင်မင်းဝတ္ထု”တွင် တွေ့ရသည်၊၊ စူဠသုဘဒ္ဒါသည် လင်သားအပေါ်အမျက်ထားပြီး “နောင်ဘ၀တွင်လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင် သား၏ အစွယ်ကိုနားဋောင်းလုပ်ပြီး ပန်ဆင်နိုင်သူဖြစ်ရစေရန် ဆုတောင်းကြောင်း”လေ့လာရသည်၊၊
မည်သည့်ဆုကိုတောင်းသည်ဖြစ်စေ တောင်းဆိုသူ၏စိတ်သည် ထိုဆုအတွက်အမှန်တကယ် ပြင်းပြ ထက်သန်ပြီး၊ တောင်းသည့်ဆုကို ရစေတတ်သည့် အားထုတ်ကြိုးစားဖွယ်များကိုဖြည့်ဆည်းလျင် မိမိ တောင်းတသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း စာပေ အထောက်အထား၊ လက်တွေ့အ ထောက်အထားများအရ အတည်ပြုနိုင်ပါသည်၊၊


လူတို့တွင် “ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူ” ဟု နှစ်မျိုးရှိကြောင်းကို မှတ်သားရပါမည်၊၊ ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့သည် ဘ၀တစ်ခုကောင်းစားမှုကိုဆုတောင်းလေ့ ရှိပြီး၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘ၀မှလွတ်မြောက်ရေးကို ဆုတောင်းလေ့ရှိ ကြောင်းကို တွေ့ရသည်၊၊
“ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ”ဟူသည် စာရေးသူအရှင်အပါအ၀င် စာဖတ်သူအများကို ရည်ညွန်း ပါသည်၊ “ဘ၀များစွာတွင် ရင့်ကျက်ပြီးသူ”ဟူသည်မှာ တရားအမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါ သည်၊၊

အရှင်၏ ယ္ခုစာတမ်းတွင် ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့်နေ့စဉ်ဆုတောင်းများ ကိုအသေးစိတ် မဖော်ပြတော့ဘဲ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးကြသောသူတို့၏ အတုယူဖွယ် “ဆုတောင်း”ပုံများကိုဖော်ပြမည် ဖြစ်ပါသည်၊၊
ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် “ကဏှဇာတ်”ဟူ၍ ရှိပါသည်၊၊ 

ကဏှရသေ့ကြီးတရားကျင့်ရာ သစ် ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး၊ “အရှင်ရသေ့ အလိုရှိသောဆုကိုတောင်းဆိုပါ”ဟု ဆုဖြင့်ဖိတ် မန်သောကြောင့် “ကဏှရသေ့”သည် အရှင်သိကြားမင်း သင်ပေးနိုင်မည် ဆိုက ပေးပါဟုအစချီပြီး မှတ် သားအတုယူဖွယ် ဆုခြောက်မျိုးကို တောင်းဆိုလိုက်ပါသည်၊၊

(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊

ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျင် ဘ၀တစ်ခုချမ်းသာရန်အတွက် တစ်စုံတစ်ရာဆုတောင်း မပါသည်ကို တွေ့ရပေမည်၊၊ စာဖတ်သူတို့နေ့စဉ်တောင်းဆိုတတ်သည့် ဆု များနှင့် များစွာပင်ကွာခြားနေသည်ကို တွေ့ရသည်၊၊ အတုယူသင့်သည့် မှတ်သားဖွယ်ဆုတောင်းများ ဖြစ်ပါသည်၊၊
“ကဏှ”ဟူသော ပါဠိအမည်မှာ “အမည်း=Black”ဟု မြန်မာပြန်ဆိုရပါသည်၊၊ ဇာတ်လမ်းအမည်သည် “အမည်းဇာတ်”ဟု နာမည်ခေါ်ဆိုထားသော် လည်း ကဏှရှင်ရသေ့တောင်းသောဆုများမှာ မည်မျှဖြူ စင်သန့်ရှင်းသည်ကို စာဖတ်သူသိပြီးအတိုင်းပင် ဖြစ်ပါသည်၊၊ လောကတွင် တစ်ခါတရံ ဂုဏ်နှင့်ဒြပ် ထပ်တူမကျသည့် သဘောပင်ဖြစ်သည်၊၊
ယနေ့ခေတ်တွင်လည်း “ကဏှဇာတ်”မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်၊ လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်၊၊ ထိုအထဲမှ “ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊
ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကို သာသနာတော် အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါ သည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဥာဏ၀ရ”ဖြစ်ပါသည်၊၊
ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊

(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊
(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊
(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ၊၊
(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊
(၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊
(၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်၊၊
(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊
(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊
(၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊
(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊

အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲယင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့်၊ ဘ၀ခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊၊

ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြ ခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါ သည်၊၊
“အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊

အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - -

(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊
(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊
(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊
(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊
(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊
(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊
(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊
(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊
(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊
(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊
(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊
(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊
(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊

“အကိတ္တိရှင်ရသေ့”၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ် ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊
ဖော်ပြခဲ့ပြီးသည် သူတော်သူမြတ်သုံးဦး၏ ဆုတောင်းများတွင် ဘ၀အတွက်ရလိုသည်ကို ဆုတောင်း သည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊ ယနေ့ လူတို့နေ့ စဉ်တောင်းဆိုနေကြသော ဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊
ဆုတောင်းများတွင်လည်း အေးချမ်းမှုအရိပ်အယောင်များကို ခံစားတွေ့မြင်ရသည်၊၊မိမိဘ၀တွင် ဖြစ် ချင်သည်၊ ရလိုသည်များထက် ကမ္ဘာလောကရှိလူအများ၊ သတ္တ၀ါအများ၏ချမ်းသာမှု၊ အကျိုးစီးပွား များကိုအလေးပေး ဆုတောင်းတတ်ကြသည်ကို အတုယူဖွင်တွေ့ရသည်၊၊ အတုယူသင့်သည်ဟု အရှင်ထင်မြင် မိပါသည်၊၊ ပါဠိစာပေတွင် ဤကဲ့သို့သောအေးချမ်းသည့်
ဆုတောင်းများရှိသကဲ့သို့ အလွန်ရက်စက်သည့်ဆုများ စွာကို တောင်းကြသူများကိုလည်း များစွာမှတ်တမ်းတင်ထားပါသည်၊၊ ရက်စက်ကြမ်းကြုတ်သည့် ဆု တောင်းများဖြစ်သည့်တိုင် ထိုဆုများကိုတောင်းဆိုသူများ၏ စိတ်ဓာတ်ပြင်းထန်မှု၊ လုံ့လပယောဂကြီး မှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့သြဖွယ်ပြည့်ဝသည်များကို “ပါဠိနိကာယ်ကျမ်း”ကြီးများ တွင် ဖော်ပြထားပါသေး သည်၊၊

ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး၊ စာဖတ်သူအနေဖြင့် မိမိဘ၀နှင့်၊ မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေး၊ ချမ်းသာစေသည့်ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု အရှင်ယူဆပါ သည်၊၊
မိမိချမ်းသာလျင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျင် ပို၍ပို၍ကောင်းသည်၊ တစ်ကမ္ဘာလုံးချမ်းသာလျင်ကား အကောင်းဆုံးဟုအရှင် ယူဆပါ သည်၊၊စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိလူတို့ချမ်းသာစေမည့် ဆုထူးဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု “အလင်းစက်အရှင်” ဆုမွန်ပြုအပ်ပါသည်၊၊

အခြားစင်္ကြာဝဠာများမှာ လူသားများရှိပါသလား ?



နေ-လ-ကမ္ဘာ-နတ္ခက်တာရာအစုံ တစ်စုံကို စင်္ကြာဝဠာတစ်ခု(သို့) စူဠလောကဓာတ်တစ်ခုဟု သတ်မှတ်ပါသည်။

ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စင်္ကြာဝဠာအရေအတွက်ကား ကုဋေပေါင်း တစ်သိန်းတိတိရှိပါတယ်။ အဲဒီအတူတူဖြစ် အတူတူတည် အတူတူပျက်တဲ့ စင်္ကြာဝဠာ ကုဋေတစ်သိန်းကိုမဟာလောကဓါတ်တစ်ခုလို့ သတ်မှတ်ပါတယ်။

ကုဋေပေါင်းတစ်သိန်းရှိတဲ့ မဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုကလေးတွေ စုပြီးတော့ အုပ်စုထပ်ခွဲပါတယ်။ အဲဒီတစ်သောင်းအုပ်စုကလေးတွေကိုတော့မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။

ကမ္ဘာပျက်ပုံ ၃-မျိုး






ဤကမ္ဘာလောကကြီးသည် နှစ်ပေါင်း သိန်းသန်းမက ကြာမြင့်စွာ တည်နေပြီးနောက် သတ္တ၀ါတို့ အကုသိုလ် ထူပြောလွန်းလာသည့်အခါ ပျက်စီးတတ်၏။ ထိုသို့ပျက်စီးရာတွင်

  • ရာဂ ထူပြောလွန်းသည့်အခါ မီးဖြင့် ပျက်စီး၏။
  • ဒေါသ ထူပြောလွန်းသည့်အခါ ရေဖြင့် ပျက်စီး၏။
  • မောဟ ထူပြောလွန်းသည့်အခါ လေဖြင့် ပျက်စီး၏



အထက်ပါအကြောင်းသုံးပါးတို့တွင် မီးဖြင့် ကမ္ဘာကြီးပျက်စီးရန် နီးလာသောအခါ လောကဗျူဟာ နတ်တို့သည် နှစ်ပေါင်းတသိန်းခန့် ကြိုတင်၍ လောက၌လှည့်လည်ကာ ကြွေးကြော်ကြသည်။ ကမ္ဘာပျက်တော့မည်ဖြစ်၍ ကုသိုလ်ကောင်းမှု ပြုကြရန် သတ္တ၀ါတို့အား တိုက်တွန်းနှိုးဆော်ကြသည်၊ ထိုနတ်တို့၏ တိုက်တွန်းနှိုးဆော်မှုကြောင့် အောက်ဘုံတို့မှ သတ္တ၀ါများ ကိုသိုလ်ကောင်းမှု ပြုလုပ်ကာ အထက်ဗြဟ္မာဘုံ များသို့ ရောက်သွားကြသည်။
ထို့နောက် နေတစင်းမှ နှစ်စင်း၊ နှစ်စင်းမှ သုံးစင်း၊ စသည်ဖြင့် ပေါ်လာပြီး နေခုနစ်စင်း ပေါ်လာသောအခါ မြင့်မိုရ်တောင် သမုဒ္ဒရာတို့မှ စ၍ ကမ္ဘာလောကကြီး တခုလုံး မီးလောင်ပျက်စီးပြီး ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။

တစ်ကမ္ဘာကို ဘယ်လောက်ကြာသလဲ ( သို့ ) ကပ်ကြီး လေးကပ်အကြောင်း




ကပ္ပ-ဟူသော ပါဠိကို ကမ္ဘာ-ဟု မြန်မာပြန်ပါသည်၊
နှစ်ပေါင်းမည်၍မည်မျှရှိသည်ဟု အတိအကျမသိနိုင်၊ မရေတွက်နီုင်သဖြင့် ကြံဆ၍သိအပ်သော ကာလအပိုင်းအခြား တခုကို ကပ္ပ-ကမ္ဘာ-ဟုခေါ်ပါသည်။

ကြံဆ၍သိအပ်ပုံကား-
အလျား အနံ အမြင့် တယူဇနာစီရှီသော တိုက်ကြီးတလုံးထဲ၌ အလွန်သေးငယ်သော မုန်ညင်းဖြူစေ့ ကလေးများ အပြည့်ထည့်ထားပြီး နှဏ်ပေါင်း တရာတရာလွန်သောအခါမှ တစေ့တစေ့သာ ယူပစ်သဖြင့် ထိုမုန်ညင်းစေ့ပုံကြီး ကုန်သွားသော်လည်း တကမ္ဘာ-ဟုခေါ်သော အချိန်ကာလကား မကုန်နိုင်သေး-ဟူ၍ ဥပမာ ပြကြပါသည်။

ကမ္ဘာ-ဟုခေါ်သော ထိုကပ် ( ကပ္ပ ) သည်
၁။ မဟာကပ်
၂။ အသင်္ချေယျကပ်
၃။ အန္တရကပ်
၎။ အာယုကပ် ဟူ၍ လေးမျိုးရှိသည်။

သြကာသရှင်းတမ်း





သြကာသ သြကာသ သြကာသ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ( တနည်း - ကာယကံ၊ ၀စီကံ၊
မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ ) ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ 

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို
လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။

ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ




လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် အလွန်ချမ်းသာသော သူဌေးဖြစ်၏။ သူ၏ အသက်ခုနစ်နှစ်သားသည် အလွန်ဉာဏ်ပညာကြီး၏။ အကျိုးရှိအောင်လည်း ပြုတတ်၏။ ထိုသူဌေးသားသည် တစ်နေ့ သူ၏ ဖခင်အား   "ဖခင် --- ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ" ဟုမေး၏။
ထိုကဲ့သို့ မေးသောအခါ ဘုရားလောင်းဖြစ်သောဖခင်က သားအား --- " သားမောင် --- 

(၁) ကျန်းမာခြင်းဆိုတဲ့ အမြတ်ဆုံးလာဘ်ကို အလိုရှိရမယ်။
(ကျန်းမာရေး ကောင်းရမယ်။)
(၂) ကိုယ်ကျင့်သီလကိုလည်း အလိုရှိရမယ်။
(ကိုယ်ကျင့်တရား ကောင်းရမယ်။)
(၃) ပညာရှိတို့ရဲ့ ဩဝါဒတရားကို အလိုရှိရမယ်။
(နာခံမှတ်သားရမယ်။)
(၄) အမြင်အကြားကိုလည်း အလိုရှိရမယ်။
( ဆည်းပူးရှာဖွေရမယ်။(၅) သုစရိုက်သုံးပါးကိုလည်း အလိုရှိရမယ်။
(ကုသိုလ်အမြဲပြုနေရမယ်)။(၆) မပျင်းမရိခြင်းကိုလည်း အလိုရှိရမယ်။
(မပျင်းရိရဘူ:)

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ



 
  • ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ 
  • ၁။ ကကုသန်မြတ်စွာဘုရား
  • ၂။ ကောဏဂုံမြတ်စွာဘုရား
  • ၃။ ကဿပမြတ်စွာဘုရား
  • ၄။ ဂေါတမမြတ်စွာဘုရား
  • ၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်) 
  • သာသနာတော်သုံးရပ်
  • ၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
  • ၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
  • ၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
  • ရတနာသုံးပါး
  • ၁။ ဘုရား
  • ၂။ တရား
  • ၃။ သံဃာ
  •    
  • ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ

ဗုဒ္ဓသာသနာ နှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်




ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကို
လည်း ကိုးကွယ်နေကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်း အသေထွက်၊ အရှင်ထွက် နှစ်မျိုးရှိသည်ဟု ဆိုသည်။ ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်ဆိုသောကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြ နိုင်ဖွယ်ရှိသည်။

ထွက်ရပ်ပေါက်နှစ်မျိုးအနက်

အသေထွက်ဆိုသည်မှာ လက်ရှိဘ၀က သေလွန်ပြီးသော်လည်းလောကဝေါဟာရအရသာ သေလွန်သည် ဟု သတ်မှတ်ရခြင်းဖြစ်သည်။ အစွမ်းသတ္တိဆက်လက်ရှိနေသည်။ တန်ခိုးဣဒ္ဓိပါတ် ဆက်လက်ရှိနေသည်ဟု ယူဆထားကြသည်။ 
အရှင်ထွက်ဆိုသည်မှာ 
 လောကဝေါဟာရ အရပင် သေသည်ဟု မသတ်မှတ်နိုင်ဘဲ နှစ်အပိုင်းအခြားမရှိ ဆက်လက်အသက်ရှင်နေသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ဖြစ်သည်ဟု ယူဆခြင်းဖြစ်သည်။ အသေထွက် အရှင်ထွက် နှစ်မျိုးလုံးပင် သာမန်လူတို့ မမြင်နိုင်သော ခန္ဓာကိုယ် ဘ၀အဖြစ် ပြောင်းသွားသည်ဟု ယူဆကြသည်။

ဂိုဏ်းဆရာများ နတ်များ စသည်တို့ကို ကိုးကွယ်ဆည်းကပ်သည်ရှိသော် သရဏဂုံပျက် မပျက်




သရဏဂုံပျက်ခြင်းဟုဆိုရာ၌ အပြစ်ရှိသော ပျက်ခြင်း နှင့် အပြစ် မရှိသော ပျက်ခြင်း ဟူ၍ နှစ်မျိုး ရှိသည်။

သရဏဂုံပျက်ခြင်း နှစ်မျိုး
(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှု မရှိတော့ခြင်း။
(၂) သေဆုံးသွားခြင်း။

ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံသုံးပါးမှအပ တပါးသော ဂိုဏ်း ဆရာများ၊ ရသေ့များ၊ နတ်များ၊ စသည်တို့ကို “တပည့်တော်၏ အ-သက်နှင့် ခန္ဓာကို အပ်နှင်း လှူဒါန်းပါ၏ဟု ကိုးကွယ် ဆည်းကပ် သည်ရှိသော် သရဏဂုံပျက်၏။ ထိုသို့ ပျက်ခြင်းမျိုးသည် အပြစ်ရှိ သော ပျက်ခြင်းမည်၏။ မကောင်းသော အကျိုးများကိုသာ ရရှိစေ နိုင်သည်။
သေဆုံးသွား၍ သရဏဂုံပျက်ခြင်းသည် မပြစ်မရှိသော ပျက်ခြင်း မျိုးဖြစ်၏။ သေဆုံးပြီးနောက် ထိုသူဆောက်တည်ခဲ့သော ကံအား လျော်စွာ နတ်စည်းစိမ် ခံစားစံစားရခြင်း ကောင်းကျိုးချမ်းသာ သုခ နှင့် ပြည်စုံခြင်းစသော ကောင်းကျိုးများကို ရရှိနိုင်သည်။
ယခုခေတ်တွင် သေဆုံးသွားသော သူများကို သရဏဂုံတင်ခြင်း ပြုလုပ်ကြလေ့ရှိ၏။
 သေသူ၌ စိတ်မရှိ၊ စေတသိတ်မရှိ၊ ဥတုဇရုပ် ဟုခေါ်သော အလောင်းကောင်သာ ရှိ၏။ စိတ်မရှိသော အလောင်း ကောင်ကို အဘယ်သို့ သရဏဂုံတင်နိုင်အံ့နည်း။ ကျန်ရစ်သူများ၏ သရဏဂုံ ကျိုးခြင်း၊ ပျက်ခြင်း၊ ပေါက်ခြင်းမှ ပြန် လည် တည်သွားအောင်သာ သရဏဂုံပေးခြင်း ဖြစ်၏။ သရဏဂုံတည်၍ ကောင်းမှုအစုစုကို ပြုလုပ်ရခြင်းသည်အကျိုးများလှသည်။ ထိုသို့သောကောင်းမှုသိုလ်မျိုးကို သေသွားသော သူတို့အား အမျှ ပေးဝေခြင်း သေသူအတွက် အကျိုးထူးလှ၏။

သင်္ကန်းအကြောင်းသိကောင်းစရာ အကျဉ်း




သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ ၀တ်ရုံတော်မူသည့်သင်္ကန်းသည် လူဝတ်ကြောင်များဝတ်ကြသော အ၀တ်အစားများနှင့်မတူပါပေ။ ကမ္ဘာ့ကမ္ဘာကြာမှ ပေါ်လာသည့် အရဟတ္တဓဇ (ရဟန္တာတို့၏တံခွန်) သင်္ကန်း ဖြစ်၏ ။ (ပုံပါအတိုင်းကြည့်ပါ)၊ အတွင်းပိုင်းတွင်(၅)ပိုင်း ( ၎င်းတို့ကိုလယ်ကွက်ပုံဖေါ်ထားသည် ) အနားပတ် အလျား(၂)စ၊ အနံ(၂)စ၊ စုစုပေါင်း အစ(၉)စ ရှိ၏၊

၎င်းသင်္ကန်းကို ၀တ်ရုံထားကြသည့် သံဃာတော်များသည် အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ဆိုတဲ့ “ လူ နတ် ဗြဟ္မာသတ္တ၀ါတို့၏ ကောင်းမှုမျိုးစုံစိုက်ပျိုးရာ လယ်ယာမြေကောင်းလည်း ဖြစ်ပေ၏ ” ဟူ၍ လာ၏။

သင် ဆဲတာကို ငါဘုရားမယူ




တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။ ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲလို့ ဗုဒ္ဓကိုမေးတယ်။

ဗုဒ္ဓက – အသင် ပုဏ္ဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ ပုဏ္ဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူးတဲ့။

ပါရာဇိက ဟူသည်




မေး ။အရှင်ဘုရား၊ ရဟန်းပါရာဇိက၊ ရှင်သာမဏေပါရာဇိက၊ ဘိက္ခုနီပါရာဇိက၊ သာမဏေရီပါရာဇိက နှင့် လူပါရာဇိကတို့ ဆုံးရှုံးပုံကို ရှင်းပြပေးပါဘုရား။
တဖန် ထိုပါရာဇိက ကျသူများ၊ မဂ်ဖိုလ်မှ မတားမြစ်၊ (မဆုံးရှုံးရ) အောင် မည်သို့ဆောင်ရွက်နိုင်ပုံနှင့် သီလရှင်များ ပါရာဇိက ကျနိုင်-မကျနိုင်
ဖြေကြားပေးတော်မူပါ အရှင်ဘုရား။ ( စောရန်နိုင်ထွန်း-တာချီလိတ် )

ဖြေ ။ ပါရာဇိက ဟူသည် မဂ်ဖိုလ်မှ ဆုံးရှုံးခြင်းဖြစ်၍

ရဟန်း၏ ပါရာဇိက လေးပါးမှာ -
၁။ မေထုန်မှု ပြုခြင်း။
၂။ လူဇာတ်ရှိသူကို သတ်ခြင်း။
၃။ တမတ်နှင့် အထက် ငွေကြေး၊ ၄င်းတမတ်နှင့် အထက် ထိုက်တန်သော ၀တ္ထုကို ခိုးယူခြင်း။
၎။ မရှိသော မရသေးသော ဈာန်မဂ်ဖိုလ်ကို ပြောခြင်းတို့ ဖြစ်သည်။

မာနလေးတွေ လျှော့စေချင် ...


“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်တော့မှ   အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကိုလည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ 
စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။ 
ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်ထားတဲ့ အပြောလေးတွေ
 ဖြစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်လေးတွေ   ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကို
 တွေ့ရတတ်ပါတယ်။ 

အသားစားခြင်းသည် ပါဏာတိပါတကံ ထိုက်၏ - မထိုက်၏ ...




ဖြေ ။ လူတွေအားလုံး မစားသုံးကြဘူး ဆိုရင် အကောင်းဆုံးနည်းလမ်းပဲပေါ့၊ သတ္တ၀ါတွေ တိရိစ္ဆာန်တွေကိုလဲ ဇီဝိတဒါန ပေးလှူရာရောက်ပါတယ်၊ သို့သော်လည်း မြတ်စွာဘုရားရှင်အားလုံးသော်မှ ချွတ်လို့ မရနိုင်တဲ့လူတွေ ( တနည်းအားဖြင့် )ပါရမီ မပြည့်သေးတဲ့ လူတွေ ကို မချွတ်နိုင်ပါဘူး၊ ဆိုလိုတာက မတားမြစ်နိုင်ဘူး၊ ဒီတော့ ကမ္မဿကာ - သတ္တ၀ါတခု ကံတခုပဲ၊ ပြုသူအသစ် ခံရသူ အဟောင်း၊ ၀ဋ်ကြွေးရှိလို့ ခံကြရတာ - ဆိုပြီး မျက်နှာလွှဲထားတော်မူခဲ့ရတယ်။
ဒီနေရာမှာ သက်သက်လွတ်အကြောင်းနဲ့ စားလိုက်တဲ့ အာဟာရက လူတယောက်ကို သစ္စာတရား ထိုးထွင်းသိနိုင်ဖို့ ကျေးဇူးပြုပုံဆိုပြီး အချက် ၂ ခုနဲ့ဖြေကြားပါမယ်။

ရက်ရာဇာ ရွေးဦးမလား



ရက်ရာဇာ ဟူသော အယူမှားနှင့်စပ်လျဉ်း၍ ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဉာဏ က အောက်ပါအတိုင်း ရှင်လင်းပြတ်သားစွာ ဆုံးမတော်မှုခဲ့ပါ၏။ ...

"ရက်ရာဇာနေ့ မှာ ငရုတ်သီးစားရင် မစပ်ဘူးလား"
"စပ်ပါတယ် ဘုရား"

"ရက်ရာဇာနေ့ မှာလုပ်သော အကုသိုလ်သည် မကောင်းကျိုးကို မပေးဘဲ နေပေါ့မလား"
"မနေပါ ဘုရား"

"ကံမကောင်းသောသူသည် ရက်ရာဇာနေ့ မှာ အိမ်တိုင်ထူခြင်းကြောင့် ချမ်းသာပါ့မလား"
"မချမ်းသာပါ ဘုရား"

"မောင်စိန်တို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိသလဲ"
"၁၀၀ ရှိပါတယ် ဘုရား"

"၎င်းအိမ်ခြေ ၁၀၀ မှာ ရက်မရွေးဘဲဆောက်တဲ့အိမ် ပါရဲ့လား"
"မပါပါ ဘုရား"

"ရက်ရွေးပြီးဆောက်တဲ့ အိမ်တွေသည် ချမ်းသာတဲ့အိမ်တွေချည်း ပဲလား"
"မွဲသောအိမ်တွေသာ များပါတယ် ဘုရား"

"ဒီလိဆိုရင် ရက်ကောင်းတွေက ကောင်းကျိုးပေးနိုင်သလား"
"မပေးနိုင်ပါ ဘုရား"

"ရက်မရွေးဘဲ မင်္ဂလာဆောင်တဲ့ လင်မယားရှိရဲ့လား"
"မရှိပါ ဘုရား"

"လင်မယားတိုင်း မကွဲမကွာနှင့်" ချမ်းသာတာချည်းပဲလား"
"မဟုတ်ပါ ဘုရား"

"ရက်ကောင်းတွေကို အားကိုးရတာ အလကားပေါ့"
"အလကားပါ ဘုရား"

"ကုသိုလ်ကို အားကိုးမှ ဗုဒ္ဓဘာသာကွယ့် မောင်စိန်ရဲ့"
...............................................
the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၁၈၄) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား



တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊

အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။ 

ကူးတို့ခပြဿနာ


            *          သေရွာကာလ ၊ရောက်ကြသောအခါ 
                        ကိုယ့်နောက် ကိုကား ၊ ဘာများပါမှာ
                        ပစ္စည်းစုစု ၊ တစ်ခုမပါ
                        ကိုယ်ပြုထားကံများပါ မည်သာ ။
              *         အထုပ်ကလေး တစ်ပြင်ပြင်
                        ကိုယ့်နောက်ပါမည်ထင်
                        အထုပ်ရှင် သေလို့သွား 
                        ကျန်တဲ့သူတွေ ဝေလို့စား
                        အထုပ်ရှင်မှာအလကား
                        ဘာမှလည်းပါမသွား
                        သေရွာ ကျတော့ အပါယ်လား
                        နိဗ္ဗာန်ရောက် ဖို့အခက်သား ။
         
                                                (  တိပိ ဋကဓရဆရာတော် ဦးကောသလ္လ  )

                  အထက်ပါကဗျာလေးကို ဗုဒ္ဓဘာသာဝင်တိုင်း နာဖူးကြ ၊ကြားဖူးကြပါ၏ ။ 
ကိုယ်သေရင် ဘာမှပါတာမဟုတ်ဘူး ။ ဝတ်ပေးလိုက်တဲ့အဝတ်စားက ကောင်းနေရင်တောင် သုဘရာဇာကချွတ်ယူလိုက်သေးတယ်။
ကိုယ်လုပ်ထားတဲ့ ကုသိုလ်ပဲကိုယ့် နောက်ကိုပါမှာပါ ။

                  စသောသံဝေဂ စကားများကိုလည်း ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ပြောဆိုဖူးကြ၏ ။ ဤကဗျာ၏ ဆိုလိုရင်းနှင့် ဤစကား၏
အဓိပ္ပါယ်တို့မှာ ဘုရားဟောနှင့် တစ်ထပ်တည်း ကျအောင်မှန်ကန်၏ ။ ဗုဒ္ဓဘာသာဝင်တို့သည် နားထကမှန်ကန်သောအသံတို့ကို ကြားရ
ပြီး ပါးစပ်က မှန်ကန်သောစကားကို ပြောဆိုနေကြတော်လည်းအသိ ဥာဏ်သည်ကား မှားယွင်းသောအယူ အဆတစ်ခုခုကို လက်ခံ
နေတုန်းပင်ဖြစ်၏ ။

ကျောက်ဆင်းတု ပြဿနာ




အရှင် ဇ၀န ထံ စာဝါများလိုက်ဖူး၍ တပည့်လည်း ဖြစ်ခဲ့ဖူးသော ဦးအာဒိစ္စ အမည်ရှိ ရဟန်းတစ်ပါးက -
“ဦးဇ၀န၊ တပည့်တော် ဦးလေးအိမ်မှာ ကျောက်ဆင်းတု တစ်ဆူရောက်နေတယ် ဘုရား။ မန္တလေးက ပင့်လာတာတဲ့။ အဲ့ဒါ ဘုန်းကြီးကျောင်း ပို့ခိုင်းရဦးမယ်။ ကျောက်ဆင်းတုကို အိမ်မှာ မကိုးကွယ်ကောင်းဘူးဆိုတာ သူတို့ မသိကြဘူး။”
“အလို – ကျောက်ဆင်းတု အိမ်မှာ ကိုးကွယ်တော့ ဘာဖြစ်လို့တုန်း ဦးအာဒိစ္စရဲ့။”
သူက အံ့သြသောမျက်လုံးဖြင့် ကျွန်ုပ်ကို လှမ်းကြည့်ကာ – “လူကိုခိုက်တယ်ဆိုတာ ဦးဇ၀န မကြားဖူးဘူးလား” ဟု မေး၏။

ဇမ္ဗုပတိချွတ်ခန်းပုံတော်




တစ်နေ့တွင် အတွေးအခေါ်ရှိသော ဒကာလေးတစ်ယောက်က မေးခွန်းတစ်ခု မေးလာ၏။
“ဆရာတော် – မြတ်စွာဘုရားဟာ ရတနာမျိုးစုံ စီခြယ်ထားတဲ့ မင်းဝတ်တန်ဆာ မကိုဋ် စလွယ်တွေကို ၀တ်ဆင်လေ့ရှိပါသလား ဘုရား။”
“ဟ . . . ဘုရားပါဆိုမှ ဒီမကိုဋ် စလွယ်တွေကို ၀တ်ပါ့မလား။ ဘာလဲ မင်းက ဇမ္ဗုပတိချွတ်ခန်းပုံတော်ကို ကြည့်ပြီး လာမေးတာထင်တယ်။”

“ဟုတ်ပါတယ် ဘုရား။ တပည့်တော်လည်း ဘာသာရေးစာပေတွေ ဖတ်ပါတယ်။ မြတ်စွာဘုရား မင်းမြောက်တန်ဆာ ၀တ်တယ်ဆိုတာ တစ်နေရာမှ မတွေ့ဖူးဘူး ဘုရား။ ဒီလိုမရှိဘဲနဲ့ ဇမ္ဗုပတိချွတ်ခန်း ဆိုတဲ့ ပုံတော်က ဘယ်လိုလုပ်ပြီး မြန်မာပြည်ကို ရောက်လာတာလဲ ဘုရား။ ဒီမင်းမြောက်တန်ဆာတွေကို အကြောင်းပြုပြီး တပည့်တော်ကို ဘာသာခြားသူငယ်ချင်းတစ်ယောက်က ခနဲ့တဲ့တဲ့ မေးခွန်းတစ်ခု မေးဖူးတယ် ဘုရား။”

ဒက္ခိဏသာခါ ပြဿနာ



ဆရာတော် အရှင်ဇ၀နအား ဦးသိန်းရွှေက ဒက္ခိဏသာခါဘုရားဆင်းတုတော်အကြောင်း မေးမြန်းလျှောက်ထားပုံ -
မေး –   ဆရာတော်၊ ဒက္ခိဏသာခါ ဆိုတဲ့ အမည်ဟာ ဘယ်ကနေပြီး စဖြစ်လာတာလဲ ဘုရား။ ဒက္ခိဏသာခါရဲ့ အဓိပ္ပါယ်ကရော ဘာပါလဲ ဘုရား။
ဖြေ –    ဒက္ခိဏ – တောင်ဘက်အရပ်ကို ဟောတယ်။
သာခါ – အကိုင်း ကို ဟောတယ်။
နှစ်ခုပေါင်းတော့ ဒက္ခိဏသာခါ ဆိုတာ တောင်ဘက်က အကိုင်းပဲပေါ့။ ဒီအမည်ဟာ သီရိဓမ္မာသောကမင်းကြီးလက်ထက်က စဖြစ်ခဲ့တယ်။ နောင်တစ်ချိန်မှာ အိန္ဒိယမှာ ဗုဒ္ဓသာသနာကွယ်ပျောက်ပြီ တခြားနိုင်ငံတွေမှာ သာသနာတည်မှာကို မြင်တော်မူတဲ့ ရဟန္တာများက သီရိဓမ္မာသောကမင်းကြီးကို ကိုးတိုင်း ကိုးဌာန သာသနာပြုစေလွှတ်ဖို့ တိုက်တွန်းတော်မူကြတယ်။
သာသနာပြု ကြွတော်မူရာမှာ သီဟိုဠ်ကျွန်းကို ကြွဖို့ သီရိဓမ္မာသောကမင်းကြီးရဲ့ သားတော် အရှင်မဟာမဟိန္ဒမထေရ်နှင့် သမီးတော် သင်္ဃမိတ္တထေရီ တို့က တာဝန်ယြူ့တယ်။ အရှင်မဟာမဟိန္ဒရဲ့ တူတော် ကိုရင်တစ်ပါးလည်း ပါသွားပါတယ်။ သီဟိုဠ်ကို သာသနာရောက်သွားတဲ့အချိန်မှာ သီဟိုဠ်ဘုရင်က ဗောဓိပင် ပူဇော်ပါရစေ လို့ တောင်းပန်တဲ့အတွက်ကြောင့် အရိဠအမတ်က ဗောဓိပင် ပင့်ဖို့ အိန္ဒိယကို သွားတယ်။

ဆင်ခံ ၊မြင်းခံဘုရား ပြဿနာ



ဘာသာရေးနှင့်ပတ်သက်သော အပြုအမူဆောင်ရွက်ချက်များကို ထေရဝါဒဗုဒ္ဓအလိုကျ ဟုတ်/မဟုတ် တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တစ်ခုရှိ၏ ။ ထိုမှတ်ကျောက်ကား-

-ယင်းအပြုအမူသည် လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာ ကုန်ကြောင်းဖြစ်လျှင် ထေရဝါဒ စစ်မှန်၏ ။
-လောဘ စသော ကိလေသာ တိုးပွားကြောင်းဖြစ်လျှင် ထေရဝါဒမဟုတ်၊ ဗြဟ္မဏဝါဒ(မဟာယာနဝါဒ)ဟု မှတ်ရမည်။
ယခုခေတ်တွင် ဂိုဏ်းဆရာနှင့်ဘိုးတော်များ၏ အသစ်အဆန်းထွင်မှုကြောင့် ဆင်ခံဘုရား၊ မြင်းခံဘုရားများ ပေါ်ပေါက်လာ၏ ။ ထို့ထက်ပိုပြီး ဘက်စုံကြီးပွားချမ်းသာလိုသူများကား ဆင်ခံ၊ မြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏ ။ ကြည်ညိုသောသဒ္ဓါစိတ်ဖြင့် ထုလုပ်ခြင်းဖြစ်သော်လည်း သ်င့တော်၏/မသင့်တော်ကို နှိုင်းချိန် စဉ်းစားသင့်၏ ။

ထေရဝါဒနှင့် ညီ၏/မညီ၏ကိုလည်း ဆန်းစစ်သင့်၏ ။ ထိုပုံကို ထုလုပ်ကိုးကွယ်သူများသည် သက်တော်ထင်ရှား ဘုရားရှင်ကို တိရစ္ဆာန်ဖြစ်သော ဆင်ပေါ်မြင်းပေါ်သို့ တက်ထိုင်ခိုင်းဝံ့သည့်အထိ ဂါရဝ နိဝါတ နည်းပါးနိုင်ကြမည်လော။ဤသို့ဆန်းစစ်ကြည့်လိုက်လျှင် တိရစ္ဆာန်တွေအပေါ်ထိုင်နေသော ဗုဒ္ဓရုပ်ပွားတော်များကို မထုလုပ်သင့်ကြောင်း ထင်ရှား၏ ။

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး




(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး
တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

ပလ္လင်လု / မလု ပြဿနာ



ဘုရားဖြစ်ခါနီး မာရ်နတ်ရန်ကို အောင်နိုင်သည့်အခန်းကို ရေးကြ ၊ ပြောကြသောအခါ များသောအားဖြစ် မာရ်နတ်က ဘုရားလောင်း၏ပလ္လင်ကို လာရောက်လုသည်ဟုသာ ရေးကြ ပြောကြ၏ ။
အမှန်ကားပလ္လင်ကိုလာလုသည် မဟုတ်၊ ဘုရားမဖြစ်သမျှ ဤဖွဲ့ခွေထားသော တင်ပလ္လင်ကို မဖျက်အံ့။ (အဘိ-ဋ္ဌ၁၊၇၇)ဟူသော အဓိဋ္ဌာန်ကို ပျက်စီးစေရန် လာရောက်နှောက်ယှက်ခြင်းသာ ဖြစ်၏ ။

ဗုဒ္ဓဝံသအဋ္ဌကထာ၊ နှာ-၃၃၇ ၌ ' ဗောဓိသတ္တော တတ္ထ စုဒ္ဒသဟတ္တေ တိဏသန္တရေ တိသန္ဓိပလ္လင်္ကံအာဘုဇိတွာ' ဟုဖွင့်၏ ။ အဓိပ္ပါယ်ကား-(ဘုရားလောင်းသည် ၁၄-တောင် အပြန့်ကျယ်သော မြက်ခင်းပြင်၌ တိသန္ဓိပလ္လင် (တင်ပလ္လင်) ကိုဖွဲ့ခွေကာ ထိုင်တော်မူ၏)ဟုဖြစ်၏ ။

သူရဿတီနတ်သမီးအကြောင်း


သူရဿတီနတ်သမီးကိုးကွယ်မှု၊ သူရဿဂါထာရွတ်ဆိုမှု၊ သူရဿသည် ပိဋကတ်သုံးပုံကို စောင့်သည်ဟူသော ယုံကြည်မှု၊ ယင်းတို့ကို အစဉ်အလာအရ လက်ခံဆောင်ရွက်နေကြခြင်းမှာ ထေရဝါဒ ပိဋကတ်တော်များနှင့် လျော်ညီခြင်းမရှိပါ။
ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီး စောင့်သည်မှာလည်း လုံးဝမမှန်ပါ။ ထေရဝါဒပိဋကတ်တော်နှင့် သူရဿတီနတ်သမီးသည် ဘာမျှ မပတ်သက်ပါ။ သို့စင်
လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပရာ မြန်မာ့ရေမြေတောတောင်တွင် သူရဿတီကိုးကွယ်မှု၊ သူရဿတီဂါထာ ရွတ်ဆိုမှုများကို ကိုယ်တိုင်ပြုခြင်း၊ သူတစ်ပါးအား ပြုမှုစေရန် ဖြားယောင်းသွေးဆောင်လျက် ဟောပြောခြင်း၊ ရေးသားခြင်းများ ရှိနေဆဲဖြစ်သည်မှာ အံ့ဩဖွယ်ရာလည်းဖြစ်၊ ဝမ်းနည်းဖွယ်ရာလည်း ဖြစ်ပါ၏ ။
သူရဿတီနတ်သမီးပုံတော်ကို ရေးစား၊ ရိုက်စား၊ ရောင်းစားခြင်းဖြင့် စီးပွါးရှာနေကြသူများသည်လည်း မိမိတို့၏ စီးပွါးရှာမှုသည် သာသနာတော်ကို ပြုရာရောက်သလော၊ ဖျက်ရာရောက်သလောဟု ဆန်းစစ်သင့်ကြပေပြီ။ လွဲမှားသော ကိုးကွယ်ရာဖြစ်သည့် "သူရဿတီနတ်သမီး ကိုးကွယ်မှု" ကို မြန်မာ့ရေမြေတောတောင်တွင် လုံးဝချုပ်ငြိမ်းပပျောက်စေရန် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိပါသည်။ သူရဿတီနတ်သမီးနှင့် ပတ်သက်၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရား (ရဝေထွန်း) က အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဟောကြားတော်မှုချက်ကို အလေးအနက် ဂရုဓမ္မပြုအပ်လှပါ၏။

မလျှော့မတင်း စောင်းကြိုးညှင်းပြဿနာ




မြတ်စွာဘုရားသည် ဒုက္ကရစရိယာ အကျင့်မှားကြီးကို ခြောက်နှစ်ခန့်ကျင့်ရာတွင် မသေရုံတမယ် အရိုးနှင့်အရေသာကျန်၏ ။
ဂေါတမမြတ်စွာဘုရား နုစင်ဘဝ ဇောတိပါလပုဏ္ဏားဖြစ်စဉ်အခါက ကဿပမြတ်စွာဘုရားအား " သူက ခြောက်ရက် ဒုက္ကရစရိယာ ကျင့်ရင်၊ ငါကခြောက်နှစ် ဒုက္ကရစရိယာ ကျင့်မယ်" ဟူသောဝစီကံဖြင့် ပြစ်မှားခဲ့ဖူးသော ဝဋ်ကြွေးကို ပြန်လည်ပေးဆပ်ရခြင်း ဖြစ်၏ ။
ခြောက်နှစ်ပြည့်၍ ဝဋ်ကြွေးကုန်သည်နှင့် အလယ်အလတ်ကျင့်စဉ် မဇ္စိုမပဋိပဒါလမ်းကို အလိုလိုထိုးထွင်းသိပြီး သဗ္ဗေညုတဉာဏ်တော်ကို ရရှိသွား၏ ။ ဤကား ဘုရာဟော ကျမ်းဂန်လာအတိုင်း အတိအကျဖြစ်၏ ။ သို့သော် ယခုအခါ မည်သည့်ပန်းချီဆရာက ရမ်းသမ်းရေးဆွဲလိုက်သည်မသိ ၊ ဒုက္ကရစရိယာကျင့်နေသော မြတ်စွာဘုရားလောင်းရှေ့တွင် စောင်းကိုတီးခတ်ပြနေသော နတ်သားတစ်ယောက်ပုံပါလာ၏ ၊

မြေစောင့်နတ်သား ပြဿနာ



အောင်ခြင်းရှစ်ပါးပါ မာရ်နတ်ကို အောင်မြင်ခန်း ပန်းချီကားများတွင် မြေစောင့်နတ်က ဆံမှရေများကို ညှစ်ချလိုက်သဖြင့် မာရ်နတ်နှင့်သူ၏စစ်တပ်သည် ရေလှိုင်းများနောက်သို့ မျောပါသွားသည့် ပုံကိုအများဆုံး ရေးဆွဲလေ့ရှိ၏။

ထိုပုံကား အမှားပင်ဖြစ်၏။ အမှန်ကား - မာရ်နတ်နှင့်တကွ သူ၏စစ်တပ်ကြီး လာရောက် နှောက်ယှက်သောအခါ ဘုရားရှင်သည်"ငါပြုခဲ့သော ပါရမီကုသိုလ်များကို ဟောဒီ မဟာပထဝီမြေကြီးက သိပါသည်" ဟုပြောဆိုပြီး မြေကြီးကိုလက်တော်ဖြင့် သုံးသပ်လိုက်၏ ။

နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း



နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည် … 
နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း ….
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော
ဘုရားရှင်များ မှ “ဂေါတမ” ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော ဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။
၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို “သာရ ကမ္ဘာ “
၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို “မဏ္ဍ ကမ္ဘာ”
၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကို “၀ရ ကမ္ဘာ”
၎။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို “သာရမဏ္ဍ ကမ္ဘာ”
၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို “ဘဒ္ဒ ကမ္ဘာ”
- ဟု ခေါ် ဝေါ်ကြသည်။
(၂၈) ဆူသော ဘုရားများရေတွက်ပုံ

ဝါတွင်းကာလ၌ အိမ်ပြောင်းအိမ်ရွေ့မလုပ်ကောင်း ဆိုတာဟုတ်ရဲ့လား ...




ဒကာတစ်ယောက်က “အရှင်ဘုရား ဝါဆိုချိန်နီးလာပြီဆိုတော့ မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရစတဲ့ အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကို
 တွေ့ရပါတယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရား” စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။
ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီးရှိပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာ ကြာတော့ဘုရားပဲ ဟောသလိုလို၊ ကျမ်းဂန်တွေမှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်းရှိသလို ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ ဒီအယူအဆတွေဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။

သာသနာ့အလံ ဖြစ်ပေါ်လာပုံ နှင့် တီထွင်သူ အမှန်



(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပ
ွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

စေတီနှင့် ရိုသေမှု့


ဘုရားရှင် ဒေသစာရီကြွချီတော်မူသောအခါ သာဝတ္ထိပြည်သူပြည်သားတို့ တရားနာဘုရားဖူးရန် ဇေတ၀န်ကျောင်းတော်သို့ လာကြ၏။ 
ဘုရားရှင်ကိုမတွေ့ရ၍ ခါတိုင်းလို ၀မ်းမသာ၊ ပန်းနံ့သာတို့ကို ဂန္ဓကုဋီတိုက်တံခါးဝမှာ ပစ်ချသွားကြ၏။ ဤအကြောင်းကိုသိ
သော အနာထပိဏ်သူဋ္ဌေးက အရှင်အာနန္ဒာကို လျှောက်ထား၏ ၊
အရှင်အာနန္ဒာလျှောက်ထားသဖြင့် ဘုရားရှင်ဖြေကြားတော်မူ၏ -
“မြတ်စွာဘုရား…စေတီဘယ်နှစ်မျိုးရှိပါသလဲ”
“သုံးမျိုးရှိတယ် အာနန္ဒာ”
“ဘယ်စေတီများပါလဲဘုရား”
“သာရိရီက (ဓာတ်တော်) ၊ ပရိဘောဂ (အသုံးအဆောင်) ၊ ဥဒ္ဒိဿ (စိတ်ဖြင့် ရည်မှန်းအပ်သောအရာ) စေတီများ ဖြစ်တယ်”
“မြတ်စွာဘုရား၊ ရှင်တော်ဘုရားများ တခြားကြွတော်မူတဲ့အခါ ဇေတ၀န်ကျောင်းတော်မှာ ကိုးကွယ်ရာမရှိသကဲ့သို့ ဖြစ်နေပါတယ် ၊ လူအများပူဇော်ရာဌာန မရှိပါ ၊ မဟာဗောဓိပင်မှ မျိုးစေ့ဆောင်ယူကာ ဇေတ၀န်ကျောင်းတံခါးဝမှာ စိုက်ပါမည်ဘုရား”
“ကောင်းပြီ ၊ စိုက်ပေတော့် အာနန္ဒာ ၊ ဤသို့စိုက်ထားလျှင် ဇေတ၀န်ကျောင်းတော်၌ ငါဘုရား အမြဲသီတင်းသုံးနေသလိုပင် ဖြစ်ပေလိမ့်မယ်”

သာရတ္ထဒီပနီလာ စေတီသုံးမျိုးမှာ ပရိဘောဂစေတီ၊ ဓာတုစေတီ၊ ဓမ္မစေတီ တို့ဖြစ်ကြ၏။


ဗုဒ္ဓဟောကြားခဲ့သော ဒေါသရန်ငြိုး ဖြေဖျောက်နည်း

မြတ်ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သည့် တရားတော်များအရ တဦးတယောက်အား အမျက်ဒေါသထွက်၍ ရန်ငြိုးများရှိခဲ့ပါလျှင် ထိုရန်ငြိုးဒေါသတရားတို့ကို တားဆီးနိုင်သောတရားမှာ မေတ္တာဓာတ်သာဖြစ်သည်ဟု ဟောကြားတော်မူခဲ့ပါသည်။

ရန်ငြိုးရန်စဖြေဖျောက်နည်း (၁၁)နည်း ...

ဂေါတမဘုရား ဗုဒ္ဓဝင်ဖြစ်စဉ်အကျဉ်းချုပ်




၁။ ဗျာဒိတ်ခံယူသောဘဝ - သုမေဓာရသေ့ဘဝ

၂။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရားမှ အစပြု၍ ကဿပ ဘုရားရှင်အထိ ၂၄-ဆူ

၃။ ပါရမီဖြည့်ဖကိ(ဗျာဒိတ်ခံစဉ်) - သုမိတ္တာအမျိုးသမီး (ယသောဓရာအလောင်း)

၎။ ပါရမီဖြည့်ရာကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း သုမေဓာဘဝမှ ဝေသန္တရာမင်းအထိ

၅။ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက် - သတ္တဝါများ အကျိုးဆောင်ရန်

၆။ ပဋိသန္ဓေမယူမီဘဝ - သေတကေတုအမည်ရှိ နတ်သားဘဝ

၇။ ဘုရားဖြစ်ရန် ပဋိသန္ဓေယူရန် တောင်းပန်လျှောက်ထားသူ - စကြာဝဠာတိုက်တစ်သောင်းမှနတ်ဗြဟ္မာများ

ကာလာမသုတ်




"အို ကာလာမတို့-

(၁) တဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်

(၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။

(၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။

(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။

(၆) အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။

Facebook ကနေတစ်ခုခု ပြောခဲ့နိုင်ပါတယ်