Buddhism Beams (Myanmar) Website အား ပြည့်ဖြိုး(နည်းပညာမှတ်တမ်း) မှ ပြုလုပ် ဝယ်ယူ လှူဒါန်းသည်..

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ



အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊

ကံကိုချည်းပုံချတတ်သော အမှား




ဖြူစင်သော အ၀တ်အစားများကို အစွန်းအထင်းများ စွန်းပေခဲ့သော် ဆေးများဖြင့် ဖျက်ကြရသည်။ သို့သော် ခဏခဏ စွန်းပေပါများလာလျှင် (သို့) လက်နှီးစုတ်ဖြစ်သွား လျှင်ကား ဖျက်ဖို့ခဲရင်းသွားပါသည်။ ထို့အတူပင် အတွေးမှားအကြံမှား အယူအဆမှား များကို လူတိုင်းလို ကျင့်သုံးဖန်များလာ လျှင် အမှားကြာ အမှန်ဖြစ်ဆိုသလို အယူအဆ မှားကို ဖျက်ဆီးပစ်ဖို့ ခဲယင်းလှပါသည်။

လူ့လောက၌ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေရာ စိတ်ဆန္ဒမျိုးစုံ အယူဝါဒမျိုးစုံ ကွဲပြားနေကြပါသည်။ စိတ်ဆန္ဒချင်း အယူဝါဒချင်း မတူသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းကွက်ကို ရှာဖွေကာ သည်းခံပေါင်းသင်းနေကြရသည်..။ လူအများစုသည်ကား အတွေးမှား အကြံမှား အယူအဆမှားတို့ ဖြင့် အမှားသံသရာကြီးထဲမှာ မှားပြီးယင်းမှားက ဆင်းရဲတွင်း နစ်နေကြပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်းများပင် အတွေးမှား အကြံမှား အယူအဆမှားကြီးများကို အမှန်ဟုယူဆကာ ကျင့်သုံးနေကြဆဲဖြစ် ပါသည်။ ထိုအမှား ကြီးများကို ဖယ်ရှားပေးကာ လမ်းမှန်ကိုညွှန်ပြပေးဖို့ရန် ကျွန်ုပ်တို့ တာဝန်ဖြစ်ပါ၏။

ကံကိုချည်းပုံချတတ်သော အမှားတစ်ခု

လူငယ်နှင့် ဓမ္မ


မေး။ ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလား။ ကလေးတွေကို ဘယ်လိုနည်းမျိုးနဲ့ တရားဓမ္မ သင်ပေးနိုင်ပါသလဲ။

ဖြေ။ ။ ကလေးတွေဟာ ဖြူစင်ကြတယ်ဆိုတာကို ဘယ်သူ ငြင်းချက်ထုတ်နိုင်ပါသလဲ။ တရားဓမ္မရဲ့ မြင့်မြတ်မှုကိုရော ဘယ်သူ ကန့်ကွက်နိုင်ပါသလဲ။ ရိုးရိုးသားသားနဲ့ ဖြေကြည့်ပါ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလားဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ဟာကိုယ်ပဲ ဆက်ပြီး ဖြေကြည့်လိုက်ပါဦး။

                              Click Here : For English Version 

သူတစ်ပါးကို အနှောင့်အယှက် မပေးတာနဲ့ သူတစ်ပါးကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတာတို့ဟာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဒါကို တစ်ခြားဘာသာတွေကလည်း တန်ဖိုးထားကြပါတယ်။ ဘယ်ဘာသာဝင် မိဘတွေပဲဖြစ်ဖြစ် သူတို့ ကလေးတွေကို ဒီတရားတွေ ကျင့်သုံးကြစေချင်ပါတယ်။ ဘာသာဝင်တွေ အချင်းချင်း အပြန်အလှန် နားလည်ပြီး ညီညီညွတ်ညွတ် နေနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ပေါ့။ ကလေးတွေကို ကျင့်သုံးစေချင်တယ်ဆိုရင် လူကြီးတွေက လက်တွေ့ ကျင့်သုံးပြတာ အကောင်းဆုံး ဖြစ်ပါတယ်။ လူကြီးတွေ တကယ် ကျင့်သုံးနိုင်ရင် ကလေးတွေအပေါ်မှာ တိုက်ရိုက် သက်ရောက်ပါလိမ့်မယ်။

နိဗ္ဗာန်ကို မြင်လိုသိလိုလျှင်



ရှေးတုန်းက ဇယသေန ဆိုတဲ့ မင်းသားတစ်ယောက်
တော်တော်ပညာတတ်တဲ့
ကိုရင်တစ်ပါးဆီ
သူမင်းသားရောက်လာတယ်။
ရောက်လာတော့
ကိုရင်ကြီးကို မေးတယ်။

"ကိုရင် - သမာဓိရှိရှိနဲ့
နေနိုင်တယ်ဆိုတာ ၊ သမာပတ်တွေ ဘာတွေဝင်စားနိုင်တယ်ဆိုတာ
ဟုတ်သလား၊ စိတ်တွေဟာ
တစ်ခါတည်း အာရုံတစ်ခုတည်းမှာ ထားပြီးတော့ နေနိုင်တယ်ဆိုတာ ဟုတ်သလား။"

"ဟုတ်တယ်"

"ဒါဖြင့် ကျုပ်ကို နည်းနည်း  ပြောပေးစမ်းပါ"

ဗုဒ္ဓဘာသာ (၅)မျိုး



ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

ကိုယ်ချင်းစာစိတ်




လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
                                                 အရှင်ဇနကာဘိဝံသ

သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။

ဗုဒ္ဓဘာသာဝင်မှန်လျှင် ပုတီးစိပ်ရမည်လော


Rosary
ယနေ့ ခေတ်အခါတွင် သာသနာတော်မြတ်သည် "ပရိယတ္တိ" ရော "ပဋိပတ္တိ" ပါ ဘက်စုံ တိုးတက်ဖွံ့ဖြိုးလျက် ရှိပါ၏ ။ ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်သူမြတ်များက ပရိယတ္တိတာဝန်ကို ရွပ်ရွပ်ချွံချွံ ဆောင်နေသကဲ့သို့ ပဋိပတ္တိဝန်ဆောင် အရှင်မြတ်များကလည်း ဝိပဿနာစခန်း ဖွင့်လှစ်ပြီး ယောဂီတို့အား တရားပြ ပို့ချလျက်ရှိပါ၏ ။ ဘာသာရေးစာပေများကို မြတ်နိုးတနာ လေ့လာဖတ်ရှူသူများ ပေါများလာသကဲ့သို့ ဝိပဿနာဘာဝနာမှုကိုပြုသူများလည်း များပြားလှပါ၏။ ထေရဝါဒ ပိဋကတ်တော်များတွင် ဝိပဿနာရှုနည်း၊ ထိုင်နည်းများကို ဖော်ပြထားရာ ဝိပဿနာစခန်းဝင်သူတို့သည် ဘုရားရှင်က တိုက်ရိုက် ညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်ကြံကြခြင်း ဖြစ်ပါ၏။

အချို့သော စာစောင်မဂ္ဂဇင်းများတွင် ဝိပဿနာမှုထက် 'ပုတီးစိပ်မှု' ကို  ရှေ့တန်းတင် ရေးသားထားသည်ကို ဖတ်ရှုရ၏။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ပုတီးစိပ်ရမည်ဟူသောသဘောမျိုး ရေးသားကြ၏။ အထူးသဖြင့် နက္ခတ၊ ဝေဒ၊ ရောင်ပြန်၊ ဂမ္ဘီရ စသော မဂ္ဂဇင်းများတွင် "ပုတီးစိပ်ခြင်း" ကို အသားပေး ဖော်ပြတတ်ကြ၏ ။ ကောင်းပြီ။ စိပ်ပုတီးသည် ထေရဝါဒ ပိဋိကတ်တော်များတွင် ပါဝင်ပါ၏လော။  ဘုရားရှင်က ဗုဒ္ဓဘာသာဝင်တို့အား ပုတီးစိပ်ရန် ညွှန်ကြားခဲ့ပါ၏လော။ ဘုရားရှင် ရွှေလက်ထက်တော်က ရဟန္တာအရှင်မြတ်များ ဗုဒ္ဓဘာသာဝင် သူတော်စင်များ၊ ပုတီးစိပ်ခဲ့ကြပါသလော။ စိပ်ပုတီး၏ အရင်းမှုလသည် အဘယ်ဘာသာနည်း။ အဘယ်အယူရှိသော လူမျိုးများက စတင် သုံးစွဲခဲ့သနည်း။ ဤသည်နှင့်စပ်လျဉ်း၍ ကျေးဇူးတော်ရှင် ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး ၏ ဩဝါဒတော်ကို အလေးအနက် ဆင်ခြင်မှတ်သားအပ်ပါ၏။

Facebook ကနေတစ်ခုခု ပြောခဲ့နိုင်ပါတယ်