လုမ္ဗိနီဟာ နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေရာမှ ၁၈၉၆ မှာ အိန္ဒိယရှေးဟောင်းသုတေသနဌာနမှ ဒေါက်တာအလွိုက်ဖျူရာတို့ရဲ့ ဖော်ထုတ်ချက်ကြောင့် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ တွေ့ရှိခဲ့သော်လည်း ထိန်းသိမ်းစောင့်ရှောက်မှုကား မရှိခဲ့သေးပါ။ ၁၉၆၇ - ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့် ဘုရားဖူးရောက်စဉ်အခါမှသာ လုမ္ဗိနီဒေသထိန်းသိမ်းစောင့်ရှောက်ဖို့ ကုလသမဂ္ဂမှ အကူအညီပေးရေး စသည့် အစီအမံများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
၁၉၇၀-ခုတွင် ကုလသမဂ္ဂဆိုင်ရာ နီပေါအမြဲတမ်းကိုယ်စားလှယ်ဦးဆောင်၍ ``နီပေါ၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ ဂျပန်၊ မလေးရှား၊ ပါကစ္စတန်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်း´´နိုင်ငံတို့ ပါဝင်သည့် လုမ္ဗိနီဖွံ့ဖြိုးရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါသည်။ နောက်ပိုင်းတွင် ``ဘင်္ဂလားဒေရှ့်၊ ဘူတန်နှင့် ကိုရီးယားသမ္မတနိုင်ငံ´´တို့လည်း ယင်းကော်မီတီတွင် ပါဝင်လာခဲ့ပါသည်။ ထိုကော်မီတီ၏ တာဝန်ပေးချက်အရ ဂျပန်လူမျိုး ဗိသုကာပညာရှင် ဒေါက်တာ ကင်ဇိုတန်ဂီက ၁၉၇၈-တွင် လုမ္ဗိနီစီမံကိန်း ဒီဇိုင်းကို ရေးဆွဲခဲ့ပါသည်။