Buddhism Beams (Myanmar) Website အား ပြည့်ဖြိုး(နည်းပညာမှတ်တမ်း) မှ ပြုလုပ် ဝယ်ယူ လှူဒါန်းသည်..
Showing posts with label ဆုံးမစာများ. Show all posts
Showing posts with label ဆုံးမစာများ. Show all posts
တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။
တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းကိုသေချာစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ကိုရင်တွေက ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ ကွဲကြေခဲ့တယ်။ ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေက အရမ်းထိတ်လန့်ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။
မြတ်စွာဘုရား၏ ရုပ်ပွားတော်၊ ပုံတော်များထားရှိ ပူဇော်ရာကို ဒီနေရာမှာ “ဘုရားကျောင်းဆောင်” လိုသုံးနှုန်းထားပါတယ်။ ဘုရားစင်လို့ မသုံးနှုန်းပါဘူး။ အများအားဖြင့်တော့ ဘုရားစင်လို့ ပြောကြတယ်။ ဘုရားစင်လို့ ပြောလိုက်တော့ စာအုပ်စင်၊ ပန်းကန်စင်တို့၊ ဖိနပ်စင်တို့၊ နတ်စင်တို့၊ ရေအိုးစင်တို့၊ အိမ်မှာရှိတဲ့အခြားစင်တွေနဲ့ ရောမသွားနိုင်ဘူးလား။ ရောသွားနိုင်တယ်နော်။
နောက်ပြီး ဘုရားသီတင်သုံးတော်မူတဲ့ နေရာကို စင် လို့ပြောတော့ လေးနက်ခံညားမှုရော ရှိပါ့မလား။ မရှိဘူးပေါ့နော်။
ဗုဒ္ဓမြတ်စွာဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးရဲ့ ပထမဆုံးသောအဖွဲ့ဝင်တွေလို့
ဆိုရမယ့် ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားဖို့
အတွက် မိဂဒါဝုန်တောကို ကြွလှမ်းတော်မူခဲ့ပါတယ်။ အဲဒီမှာ ဗုဒ္ဓက ...
"ရဟန်းတို့ ... ငါဘုရားသည် ကိလေသာအားလုံးမှ ဝေးကွာခဲ့ပြီဖြစ်၏။ မိမိအလိုကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိခဲ့၏။ ရဟန်းတို့ နားစိုက်၍ထားကြလော့။ ငါကိုယ်တိုင် သိမြင်ပေါက်ပိုင်ထားခဲ့သော `အမတေ´ တရားကို ငါဆုံးမမည်။ ငါတရားဟောမည်။ "လို့အမိန့်ရှိပြီး ပဉ္စ၀ဂ္ဂီငါးပါးကို တရားနာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒါကို သူတို့ကသံသယတွေနဲ့ ငြင်းဆန်နေခဲ့ကြတာကြောင့် ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်ပြန်ပါတယ်။ အဲဒါကိုလည်းငြင်းဆန်မြဲငြင်းဆန် နေကြတာကြောင့် တတိယအကြိမ်မှာတော့ ဗုဒ္ဓက ...
" ရဟန်းတို့ ရှေးအခါများတုန်းက ငါဘုရားသည် ဤသို့သော စကားများ ပြောကြားခဲ့ဖူးပါသလား။ သင်တို့ သတိများ ထားခဲ့မိကြပါ သလား။ " လို့မိန့်တော်မူမှ ပဉ္စ၀ဂ္ဂီရဟန်းတို့လည်း ယုံကြည်စိတ်ချ သွားကြပြီး တရားတော်ကို နာကြားခဲ့ကြပါတယ်။
မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက
ဓာတုဟူသော ပါဠိကို ‘ဓာတ်’ ဟု အလွယ်ပင် ဘာသာပြန်လိုက်သည်။ အရိုးဓာတ်၊ သွေးဓာတ်၊ အသားဓာတ်တို့သည်ဘုရားရှင်၏ အမွေအနှစ်များဖြစ်ရာ လူနတ်ဗြဟ္မာ သတ္တဝါတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်၏ ယင်းအသားဓာတ်၊ အသွေးဓာတ်၊ အရိုးဓာတ်တို့ကို ‘ဓာတ်တော်’ ဟူ၍ ခေါ်ပါသည်။
ဓာတ်တော်မွေတော်ဟူ၍လည်း နှစ်မျိုးခွဲ၍ ခေါ်ဝေါ်ကြပါသေးသည်၊ ဓာတ်တော်နှင့် မွေတော်မှာ ဝေါဟာရသာ ကွဲပြားသော်လည်း အဓိပ္ပာယ်သဘောမှာ အတူတူပင်ဖြစ်ပါသည်။
မှန်ပါသည်၊ ဘုရားရှင်၏ ဓာတ်တော်တို့သည် နောင်လာနောက်သား လူနတ်ဗြဟ္မာ သတ္တဝါအများတို့ ကိုးကွယ်ဆည်းကပ်ပါက အကျိုးတရားများစွာ ဖြစ်ထွန်းရန် ရည်သန်၍ အဓိဋ္ဌာန်ကာ ထားတော်မူ ပေးတော်မူခဲ့သော အမွေအနှစ်များဖြစ်၍ ဓာတ်တော်ကိုပင် မွေတော် ‘အမွေတော်’ ဟု ခေါ်ကာ ‘ဓာတ်တော် မွေတော်’ ဟု သုံးနှုန်းခြင်းဖြစ်ပါသည်။
‘ဓာတ်တော် မွေတော်’ ဟူသည် ‘မိမွေ ဖမွေ’ ဟူသကဲ့သို့ အမှန်စင်စစ် ကိုးကွယ်ဆက်ခံအပ်သော ဝတ္ထု၏အမည် ဖြစ်ပါသည်။
ယင်းကို အချို့က ဘုရားရှင်၏ ကိုယ်တော်မှ ဖြစ်သည်ကို ‘မွေတော်’ ဟု ဆိုလို၍ ရဟန္တာ အရှင်မြတ်တို့မှ ဖြစ်သည်ကိုကား ‘ဓာတ်တော်’ ဟု ဆိုလိုကြပါသည်။
အမှန်စင်စစ် ယင်းသို့ခွဲ၍ ဆိုရန်မသင့်ပါ။ ဓာတု သဒ္ဒါမှာ ဓာတ်ဟောဖြစ်ရကား ‘ဓာတ်တော်’ ဟု ခေါ်သင့်ပါသည်။ ယင်းဓာတ်တော်ကိုပင် နောင်လာနောင်သား လူနတ်ဗြဟ္မာ သတ္တဝါအများတို့ ကိုးကွယ်ဆက်ခံအပ်သော အမွေအနှစ်ဖြစ်၍ ‘မွေတော်’ ဟု ဆိုရကား ‘ဓာတ်တော်’ နှင့် ‘မွေတော်’ မှာ အတူတူပင် ဖြစ်ပါသည်။
* ဘုရားကို စင်လေးနဲ့ တင်ပြီးကိုးကွယ်တာကို ဘုရားစင်...*
* ဘုရားကို အခန်းတစ်ခန်း သီးသန့်ဖွဲ့ပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားခန်း *
* ဘုရားကို ကျောင်းဆောင်လေး တစ်ဆောင်သီးသန့် ထားပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားကျောင်း...* အသီးသီး ခေါ်ဆိုကြပါတယ်...။
ခုခေတ်တော့ တချို့ က ဘုရားစင်လို့ မခေါ်ကောင်းဘူး... နတ်စင်နဲ့ အခေါ်အဝေါ်တူနေလို့ ဘုရားကျောင်းလို့ ခေါ်ရမယ်... ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာပါတယ်...။
“နောက်ဆုံးအမေးက အဂ္ဂိရက်ပညာကို ရဟန်းတော်များ လိုက်စားသင့်သလား၊မလိုက်စားသင့်ဘူးလားတဲ့၊ ဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”
“အဂ္ဂိရတ်ဆိုတာ ဖိုထိုးတဲ့ပညာ၊ မီးကစားတဲ့ပညာပေါ့ကွယ်၊ ဒီပညာဟာ ဘယ်ခေတ် ဘယ်အခါက မြန်မာနိုင်ငံအတွင်း တိုးဝင်လာတယ် မသိဘူး၊ အိန္ဒိနိုင်ငံဘယ်အခါက မြန်မာနိုင်ငံအတွင်း တိုးဝင်လာတယ် မသိဘူး၊ အိန္ဒိနိုင်ငံ သီရိဓမ္မာသောကမင်းလက်ထက်သာသနာတော် ၃၀၀-နှစ်လောက်မှာ သီရိဓမ္မာသောကမင်းကြီးက ဗုဒ္ဓဘာသာကို အားပေးတော့ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ အလွန် လာဘ်လာဘ ပေါများခဲ့တယ်၊ အဲဒီ ခေတ်မှာ ဘုရင်ရဲ့အားပေးခြင်းကို မခံရတဲ့တန္တရ၊ မန္တရ အတတ်ပညာရှင် တိတ္ထိတွေဟာ လာဘ်လာဘအတွက်ကြောင့် သာသနာတော်အတွင်းလှိမ့်ဝင်လာကြတယ်၊အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ဖိုထိုး၊ ဆေးကု၊ ဗေဒင်ဟော၊ ဓာတ်ရိုက်၊ ဓာတ်ဆင် နတ်သွင်းစတဲ့ လောကီတိရစ္ဆာနအတတ်တွေဟာ သူတို့နှင့် အတူ သာသနာတော်အတွင်း ဝင်ရောက်လာကြတယ်၊ နောင်အခါ ဝင်ရောက်လာကြတဲ့တိတ္ထိများရဲ့ အယူဝါဒကို စစ်ဆေးပြီး ဗုဒ္ဓရဲ့ အယူ မဟုတ်တဲ့ အချို့သော ရဟန်းတော်များကိုသာသနာတော်ဟာ အဝတ်ဖြူလဲပြီး နှင်ထုတ်လိုက်သော်လည်း သူတို့ရဲ့ တိရစ္ဆာန်အတတ်တွေဟာ သာသနာတော်အတွင်းမှာယနေ့အထိ တင်ကျန်ရစ်တယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍ ရက်ပိုင်းအတွင်း၌ ပင် ပေါ်ပေါက်ခဲ့သည် ဆိုရပေမည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ပံ့သကူဒုကုဋ် သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ ရ “အရှင်မဟာကဿပ မထေရ်မြတ်” သည်နောက်ပါရဟန်း (၅၀၀)ဖြင့် “ပါဝါပြည်” မှ “ကုသိနာရုံ”သို့ ဗုဒ္ဓမြတ်စွာအားဖူးမြော် ရန်ကြွတော်မူလာစဉ် လမ်းခရီးအလယ်၌ တက္ကတွန်းတစ်ဦးထံ မှ... “ကုသိနာရုံ၊မလ္လာမင်း အင်ကြင်း ဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်မှာ(၇)ရက်ကြာပြီဖြစ်ကြောင်း”သတင်း စကားကြား သိရ၍ ရဟန်းတစ်ချို့ယူကြုံးမရ ငိုကြွေးကြရာ၊တောထွက်ရဟန်းကြီး
“သုဘဒ်”မှ- “ ငါ့ရှင်တို့ ငိုယိုပူဆွေးခြင်း မဖြစ်ကုန်နှင့်၊ ယခု ငါတို့ လွတ်လွတ်လပ်လပ် ပြောဆိုနေထိုင်၍ခွင့် ရကြပြီ။ ရဟန်းကြီးဂေါတမရှိစဉ် အခါတုန်းက အမျိုးမျိုး ချုပ်ချယ်ခဲ့ကြရာ ယခုအခါ ဤပညတ်ချက် ချုပ်ချယ်မှုတို့ မရှိပြီ ”ဟု ဆိုခဲ့၏။
" အိပ်မပျော်၍ နိုးနေသောသူအတွက် ညဥ့်တာရှည်လျား၏။
ခရီးပန်းသူအတွက် ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အတွက် သံသရာခရီးဟာရှည်လျားပါသည်။ "
................................
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီး အကြောင်းကို စုံးစမ်းခိုင်းတဲ့အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီး အပေါ်စွဲလန်းနေမိတဲ့ အတွက် ဒီအမျိုးသမီးကို အရယူဖို့ သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး အပြစ်အတိုင်း အဆုံးစီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
၁။ ပဏ္ဍက - ပဏ္ဍုပ် ဆိုတာ ပုံမှန် ယောင်္ကျားစိတ်မရှိသူ မစို မခြောက်များ၊
၂။ ထေယျသံဝါသက - ကိုယ့်ဘာသာ ဦးခေါင်းရိတ် သင်္ကန်းပတ်ကာ သာမဏေအစစ်ပုံစံ၊ ရဟန်းအစစ်ပုံစံ အယောင် ဆောင်ဖူးသူ၊ ရဟန်းများနှင့် အတူတူ စားသောက်နေထိုင်လေ့ရှိသူ၊
၃။ တိတ္ထိယပက္က န္တက - အစပထမ ရဟန်းဘောင်မှ အခြားဘာသာသို့ပြောင်းလဲသွားပြီး နောက်တဖန် ရဟန်း
ဘောင်ဝင်လာသူ၊
၎။ တိရ စ္ဆာန - လူယောင်ဖန်ဆင်းနိုင်သော နတ်၊ နဂါးများ၊ ဂဠုန်များစသည့် တိရိ စ္ဆာန်များ၊
၅။ မာတုဃာတက - အမေကို သတ်ဖူးသူ၊
၆။ ပိတု ဃာတက - အဖေကို သတ်ဖူးသူ၊
၇။ အရဟ န္တဃာတက - ရဟ န္တာမထေရ်တပါးပါးကို သတ်ဖူးသူ၊
၈။ ဘိက္ခုနီ ဒူသက - ဘိက္ခုနီတပါးပါးကို ဖျက်ဆီးအနိုင်ကျင့်ဖူးသူ၊
ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းသို 'ရဟန္တာ'ချည်းထင်တတ်၏ ။ အကျဉ်းချုပ် မှတ်သားရမည်မှာ 'ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တာမဟုတ်၊ ရဟန္တာတိုင်းလည်းကောင်းကင်မှာမပျံနိုင်' ဟူသော အချက်ပင်ဖြစ်၏ ။ ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏ ။ ဆေး၊ အင်း၊ ဓာတ် စသည် အောင်မြင်သဖြင့် ၀ိဇ္ဇာဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏ ။
ဈာန်အဘိညာဉ်ရသော ရဟန်းအချို့ ကောင်းကင်တွင်ပျံနိုင်၏ ။ ယခုအခါ အဝီစိငရဲ၌ ကျခံနေရသော ' ဒေဝဒတ်ရဟန်း' သည် သံဃာသင်းခွဲသောကံကို မပြုမီ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် မလုပ်မီက ကောင်းကင်ပျံနိုင်သော ဈာန်အဘိဉာဉ်ရ ရဟန်းတစ်ပါးပင်ဖြစ်၏ ။ ဘုန်းကြီးချင်သော လောဘ(စိတ်ယုတ်မာ)ကြောင့် မဟုတ်တာတွေ လျှောက်လုပ်မိသသဖြင့် ဈာန်လျှောပြီး မြေမျိုကာ အဝီစိငရဲသို့ ကျရောက်နေခြင်းဖြစ်၏ ။
ဈာဉ်အဘိညာဉ်ရသော ရဟန္တာများကောင်းကင်တွင် ပျံနိုင်ကြ၏ ။ ဈာန်အဘိညာဉ်မရသော 'သုက္ခဝိပဿကရဟန္တာ' များကာ ရဟန္တာဖြစ်သော်လည်း ကောင်းကင်တွင်ပျံနိုင်ခြင်း မရှိချေ။ ဆက်၍မှတ်ရမည်မှာ ကောင်းကင်ပျံနိုင်ခြင်းသည် ဈာန်၏တန်ခိုးမဟုတ်၊ အဘိညာဉ်၏ တန်ခိုးသာဖြစ်သည်။ ဈာန်နှင့်အဘိညာဉ်သည်မတူပေ။ ဈာန်သည် တိဟိတ်ပုဂ္ဂိုလ်တိုင်း ရနိုင်သော်လည်း အဘိညာဉ်ကား တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရုံနှင့် မရ။ အာဟာရဓာတ် အားကောင်းပြီး ကိုယ်ခန္ဓာတောင့်တင်းခိုင်မာဖို့လည်း လိုအပ်၏ ။
အန္တရာဘ၀၀ါဒ လူတစ်ယောက်သေဆုံးသောအခါ (၇) ရက်မလည်မီ
မိမိပိုင်ဆိုင်ရာနေအိမ် (ဘုံ) ထဲတွင် တစ္ဆေသူရဲဘ၀နှင့် ရှိနေပြီး
(၇)ရက် ပြည့်မြောက်သောအခါမှသာ မိမိလားမြောက်ရမည့် ဘုံဘ၀အထွေထွေသို့
ကူးပြောင်းရောက်ရှိသည်ဟူသော "အယူဝါဒ" တစ်ခုရှိပါ၏။
ယင်းအယူအဆ၌ သက်ဝင်ယုံကြည်သူဦးရေမှာလည်း အထုအထည် ပမာဏကြီးမားလှပါ၏။
ကောင်းပြီ လူသေသောအခါ လားရာဂတိတစ်ခုသို့ တိုက်ရိုက်ကူးပြောင်းခြင်းမရှိဘဲ
တစ္ဆေသူရဲဘ၀ကို "ကြားခံ" ထားရသည်ဆိုခြင်းမှာ မှန်ကန်ပါသလော။
ယင်းအယူဝါဒသည် ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် ကိုက်ညီပါ၏လော။
လူသေပြီးနောက် တစ္ဆေသူရဲဘ၀နှင့် (၇)ရက်နေပြီးမှ တစ္ဆေသူရဲဘ၀ကို ကြားခံထားပြီးမှ
ဘုံဘ၀တစ်ခုခုသို့ ကူးပြောင်းရောက်ရှိသည်ဟူသော အယူမှာ "အန္တရာဘ၀၀ါဒ" ဖြစ်ပါသည်။ ယင်း အန္တရာဘ၀၀ါဒ သည် ထေရ၀ါဒဗုဒ္ဓဓမ္မ နှင့် ဆန့်ကျင်ခြားနားသော အယူဝါဒ ဖြစ်ပါ၏။
ဖြူစင်သော အ၀တ်အစားများကို အစွန်းအထင်းများ စွန်းပေခဲ့သော် ဆေးများဖြင့် ဖျက်ကြရသည်။ သို့သော် ခဏခဏ စွန်းပေပါများလာလျှင် (သို့) လက်နှီးစုတ်ဖြစ်သွား လျှင်ကား ဖျက်ဖို့ခဲရင်းသွားပါသည်။ ထို့အတူပင် အတွေးမှားအကြံမှား အယူအဆမှား များကို လူတိုင်းလို ကျင့်သုံးဖန်များလာ လျှင် အမှားကြာ အမှန်ဖြစ်ဆိုသလို အယူအဆ မှားကို ဖျက်ဆီးပစ်ဖို့ ခဲယင်းလှပါသည်။
လူ့လောက၌ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေရာ စိတ်ဆန္ဒမျိုးစုံ အယူဝါဒမျိုးစုံ ကွဲပြားနေကြပါသည်။ စိတ်ဆန္ဒချင်း အယူဝါဒချင်း မတူသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းကွက်ကို ရှာဖွေကာ သည်းခံပေါင်းသင်းနေကြရသည်..။ လူအများစုသည်ကား အတွေးမှား အကြံမှား အယူအဆမှားတို့ ဖြင့် အမှားသံသရာကြီးထဲမှာ မှားပြီးယင်းမှားက ဆင်းရဲတွင်း နစ်နေကြပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်းများပင် အတွေးမှား အကြံမှား အယူအဆမှားကြီးများကို အမှန်ဟုယူဆကာ ကျင့်သုံးနေကြဆဲဖြစ် ပါသည်။ ထိုအမှား ကြီးများကို ဖယ်ရှားပေးကာ လမ်းမှန်ကိုညွှန်ပြပေးဖို့ရန် ကျွန်ုပ်တို့ တာဝန်ဖြစ်ပါ၏။
ကံကိုချည်းပုံချတတ်သော အမှားတစ်ခု
မေး။ ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလား။ ကလေးတွေကို ဘယ်လိုနည်းမျိုးနဲ့ တရားဓမ္မ သင်ပေးနိုင်ပါသလဲ။
ဖြေ။ ။ ကလေးတွေဟာ ဖြူစင်ကြတယ်ဆိုတာကို ဘယ်သူ ငြင်းချက်ထုတ်နိုင်ပါသလဲ။ တရားဓမ္မရဲ့ မြင့်မြတ်မှုကိုရော ဘယ်သူ ကန့်ကွက်နိုင်ပါသလဲ။ ရိုးရိုးသားသားနဲ့ ဖြေကြည့်ပါ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလားဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ဟာကိုယ်ပဲ ဆက်ပြီး ဖြေကြည့်လိုက်ပါဦး။
Click Here : For English Version
သူတစ်ပါးကို အနှောင့်အယှက် မပေးတာနဲ့ သူတစ်ပါးကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတာတို့ဟာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဒါကို တစ်ခြားဘာသာတွေကလည်း တန်ဖိုးထားကြပါတယ်။ ဘယ်ဘာသာဝင် မိဘတွေပဲဖြစ်ဖြစ် သူတို့ ကလေးတွေကို ဒီတရားတွေ ကျင့်သုံးကြစေချင်ပါတယ်။ ဘာသာဝင်တွေ အချင်းချင်း အပြန်အလှန် နားလည်ပြီး ညီညီညွတ်ညွတ် နေနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ပေါ့။ ကလေးတွေကို ကျင့်သုံးစေချင်တယ်ဆိုရင် လူကြီးတွေက လက်တွေ့ ကျင့်သုံးပြတာ အကောင်းဆုံး ဖြစ်ပါတယ်။ လူကြီးတွေ တကယ် ကျင့်သုံးနိုင်ရင် ကလေးတွေအပေါ်မှာ တိုက်ရိုက် သက်ရောက်ပါလိမ့်မယ်။
ရှေးတုန်းက ဇယသေန ဆိုတဲ့ မင်းသားတစ်ယောက်
တော်တော်ပညာတတ်တဲ့
ကိုရင်တစ်ပါးဆီ
သူမင်းသားရောက်လာတယ်။
ရောက်လာတော့
ကိုရင်ကြီးကို မေးတယ်။
"ကိုရင် - သမာဓိရှိရှိနဲ့
နေနိုင်တယ်ဆိုတာ ၊ သမာပတ်တွေ ဘာတွေဝင်စားနိုင်တယ်ဆိုတာ
ဟုတ်သလား၊ စိတ်တွေဟာ
တစ်ခါတည်း အာရုံတစ်ခုတည်းမှာ ထားပြီးတော့ နေနိုင်တယ်ဆိုတာ ဟုတ်သလား။"
"ဟုတ်တယ်"
"ဒါဖြင့် ကျုပ်ကို နည်းနည်း ပြောပေးစမ်းပါ"
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။
လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
အရှင်ဇနကာဘိဝံသ
သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။
![]() |
| Rosary |
အချို့သော စာစောင်မဂ္ဂဇင်းများတွင် ဝိပဿနာမှုထက် 'ပုတီးစိပ်မှု' ကို ရှေ့တန်းတင် ရေးသားထားသည်ကို ဖတ်ရှုရ၏။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ပုတီးစိပ်ရမည်ဟူသောသဘောမျိုး ရေးသားကြ၏။ အထူးသဖြင့် နက္ခတ၊ ဝေဒ၊ ရောင်ပြန်၊ ဂမ္ဘီရ စသော မဂ္ဂဇင်းများတွင် "ပုတီးစိပ်ခြင်း" ကို အသားပေး ဖော်ပြတတ်ကြ၏ ။ ကောင်းပြီ။ စိပ်ပုတီးသည် ထေရဝါဒ ပိဋိကတ်တော်များတွင် ပါဝင်ပါ၏လော။ ဘုရားရှင်က ဗုဒ္ဓဘာသာဝင်တို့အား ပုတီးစိပ်ရန် ညွှန်ကြားခဲ့ပါ၏လော။ ဘုရားရှင် ရွှေလက်ထက်တော်က ရဟန္တာအရှင်မြတ်များ ဗုဒ္ဓဘာသာဝင် သူတော်စင်များ၊ ပုတီးစိပ်ခဲ့ကြပါသလော။ စိပ်ပုတီး၏ အရင်းမှုလသည် အဘယ်ဘာသာနည်း။ အဘယ်အယူရှိသော လူမျိုးများက စတင် သုံးစွဲခဲ့သနည်း။ ဤသည်နှင့်စပ်လျဉ်း၍ ကျေးဇူးတော်ရှင် ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး ၏ ဩဝါဒတော်ကို အလေးအနက် ဆင်ခြင်မှတ်သားအပ်ပါ၏။
မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း
“ ပခုံးထက်၌ ထမ်းလျက်ထား အမိ အဖအား - ညောင်းညာပင်ပန်း နှိပ်နယ်ပေး
ရေပူရေအေး ပေး - ကျင်ကြီးကျင်ငယ်စွန့်ပေစေ လုပ်ကြွေးပြုစုပေ ”
ရဟန်းတို့၊ ဤသို့ပင် အသက်ထက်ဆုံးလုပ်ကျွေးပြုစုသော်လည်း
အမိအဖတို့အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး။
ရဟန်းတို့၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရား ခေါင်းပါးသော
မိဘတို့ကို သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တိုသော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင်ဆောင်ရွက်ပေး၏။
ပညာမရှိသော မိဘတို့ကို ပညာရှိအောင် ဆောင်ရွက်ပေး၏။
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်
အမိအဖတို့ အပေါ်၌ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သည် မည်၏။
လင်္ကာ by the eXistence
................................
ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ " ဆိုတာ ဟုတ်ရဲ့လား
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ" ဟူသောအသုံးအနှုန်းမှာ
ထေရ၀ါဒပိဋကတ်တော်တွင် လုံးဝမပါဝင်ပါ။
ယင်းစကားမှန်၏ - မှား၏ ဟူသည်ကို မိထွေးတော် ဂေါတမီ၏ မြတ်စွာဘုရားထံ
လျှောက်ထားချက်ကို လေ့လာကြည့်ရုံမျှနှင့် အဖြေမှန်ကို တွေ့နိုင်ပါသည်။
မိထွေးတော် ဂေါတမီက ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါ၏။
" သားတော် ဘုရား၊ သားတော်ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်က သားတော်ရဲ့ ပကတိ ကိုယ်ခန္ဓာ ကြီးထွားပြီး အို၊ နာ၊ သေ ကိုပဲ ပေးစွမ်းနိုင်ပါတယ်။ သားတော်ဘုရားက မယ်တော်ကို တိုက်ကျွေးတဲ့ ဓမ္မနို့ရည်က မယ်တော်ရဲ့တရားခန္ဓာကိုယ်ကြီးကို ကြီးထွားစေပြီး မအို၊ မနာ၊ မသေရာ မြတ်နိဗ္ဗာန်ကို ပေးပါတယ်။
သားတော် ဘုရားကို မယ်တော်က တိုက်ကျွေးခဲ့တဲ့ ပကတိနို့ရည်ထက်
သားတော်ဘုရားက တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်က တန်ဖိုးကြီးလှပါတယ်။
သားတော်ဘုရားသည် မယ်တော်အပေါ်မှာ နို့ဖိုးအကြွေးမရှိတော့ပါ။
နို့ဖိုးကြွေးကျေပါပြီ "













