Buddhism Beams (Myanmar) Website အား ပြည့်ဖြိုး(နည်းပညာမှတ်တမ်း) မှ ပြုလုပ် ဝယ်ယူ လှူဒါန်းသည်..

ငရဲကြီး ရှစ်ထပ်အကြောင်း (သို.) ငရဲ၏ဒုက္ခဆင်းရဲများနှင့် လွတ်မြောက်ဖို.အချိန်


ငရဲဆိုသည်မှာ.... နှင့် ငရဲ၏ ဒုက္ခဆင်းရဲများဟူသည်...
အပါယ်ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။

သာသနာ့ အန္တရာယ်


ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍ ရက်ပိုင်းအတွင်း၌ ပင် ပေါ်ပေါက်ခဲ့သည် ဆိုရပေမည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ပံ့သကူဒုကုဋ် သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ ရ “အရှင်မဟာကဿပ မထေရ်မြတ်” သည်နောက်ပါရဟန်း (၅၀၀)ဖြင့် “ပါဝါပြည်” မှ “ကုသိနာရုံ”သို့ ဗုဒ္ဓမြတ်စွာအားဖူးမြော် ရန်ကြွတော်မူလာစဉ် လမ်းခရီးအလယ်၌ တက္ကတွန်းတစ်ဦးထံ မှ... “ကုသိနာရုံ၊မလ္လာမင်း အင်ကြင်း ဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်မှာ(၇)ရက်ကြာပြီဖြစ်ကြောင်း”သတင်း စကားကြား သိရ၍ ရဟန်းတစ်ချို့ယူကြုံးမရ ငိုကြွေးကြရာ၊တောထွက်ရဟန်းကြီး

“သုဘဒ်”မှ- “ ငါ့ရှင်တို့ ငိုယိုပူဆွေးခြင်း မဖြစ်ကုန်နှင့်၊ ယခု ငါတို့ လွတ်လွတ်လပ်လပ် ပြောဆိုနေထိုင်၍ခွင့် ရကြပြီ။ ရဟန်းကြီးဂေါတမရှိစဉ် အခါတုန်းက အမျိုးမျိုး ချုပ်ချယ်ခဲ့ကြရာ ယခုအခါ ဤပညတ်ချက် ချုပ်ချယ်မှုတို့ မရှိပြီ ”ဟု ဆိုခဲ့၏။

ဒု - သ - န - သော


" အိပ်မပျော်၍ နိုးနေသောသူအတွက် ညဥ့်တာရှည်လျား၏။ 
ခရီးပန်းသူအတွက် ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အတွက် သံသရာခရီးဟာရှည်လျားပါသည်။ "
................................
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီး အကြောင်းကို စုံးစမ်းခိုင်းတဲ့အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီး အပေါ်စွဲလန်းနေမိတဲ့ အတွက် ဒီအမျိုးသမီးကို အရယူဖို့ သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး အပြစ်အတိုင်း အဆုံးစီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ 

မြတ်စွာဘုရားရှင် ၏ တစ်ရက်တာ ..အသုံးချသော အချိန် များ ...


မြတ်စွာဘုရားရှင် ၏ တစ်ရက်တွင် ၁နာရီနှင့် မိနစ်၂၀ သာကျိန်းစက်တော်မူပုံ

မြတ်စွာဘုရားရှင်ဟာ ၁ရက် ၂၄နာရီအနက် ၁နာရီနဲ့ မိနစ်၂၀ သာပဲ ကျိန်းစက်တော်မူပြီး ကျန်နာရီအားလုံးကို (၅) ပိုင်းပိုင်းပြီး တစ်သက်တာလုံး ၃၁ ဘုံသားတွေ ရဲ့ ကောင်းကျိုးကို ဆောင်ရွက်တော် မူခဲ့တယ်။

ဘုရားရှင်အလုပ် ဗုဒ္ဓကိစ္စငါးပါးတွေက
--------------------------------------

၁။ နံနက် အာရုဏ်တတ်ပြီး မိုးလင်းချိန် ၆နာရီမှ ဆွမ်းဘုန်းပေးပြီးအချိန်ထိ ဆောင်ရွက်တဲ့ အလုပ်ကို ပုရေဘတ္တကိစ္စ လို့ခေါ်တယ်။

Facebook ကနေတစ်ခုခု ပြောခဲ့နိုင်ပါတယ်