Buddhism Beams (Myanmar) Website အား ပြည့်ဖြိုး(နည်းပညာမှတ်တမ်း) မှ ပြုလုပ် ဝယ်ယူ လှူဒါန်းသည်..

ချစ်ခင်သမျှ ဆင်းရဲရ၏


ဝိသာခါသည် သူ၏မြေးမလေး သေဆုံးရသဖြင့် စိတ်နှလုံး ဆင်းရဲပင်ပန်း၍ နေ၏။ ညှိုးနွမ်းပူဆွေး၍ နေ၏။ ထိုကြောင့် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားထံ ချဉ်းကပ်လေသည်။

"ဝိသာခါ - သင်သည် နေ့ခင်းအချိန်ကြီး၌ အဘယ်အရပ်က လာခဲ့သနည်း ၊ အဘယ်ကြောင့် နှလုံးမသာမယာ ဖြစ်နေသနည်း" ဟု မြတ်စွာဘုရားက မေးတော်မူ၏။

"အရှင်ဘုရား - တပည့်တော်၏ မြေးမငယ်တစ်ဦး သေဆုံးသွားပါသည် ၊ ထို့ကြောင့် စိတ်နှလုံး ဆင်းရဲပင်ပန်းလှသဖြင့် အရှင်ဘုရားထံ ချဉ်းကပ်လာပါသည်" ဟု ဝိသာခါက လျှောက်ထားလေသည်။

"ဝိသာခါ - သင်သည် ဤသာဝတ္ထိပြည်၌ရှိသော လူဦးရေလောက်များပြားသည့် သားမြေးတို့ကို အလိုရှိသလား"

"အရှင်ဘုရား - တပည့်တော် အလိုရှိပါသည်"

သင်္ချိုင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅-မျိုး


ရဟန်းတို့ ! သင်္ချိုင်း အပြစ် ၅-မျိုးဟူသည်မှာ - 
၁။ မစင်ကြယ်။
၂။ မကောင်းသော အနံ့ရှိသည်။
၃။ ဘေးဘျမ်း ရှိသည်။
၎။ သရဲ သဘက်တို့ နေရာဖြစ်သည်။
၅။ လူပေါင်းများစွာ၏ ငိုကြွေးရာဖြစ်သည်။

ဤအတူသာလျှင် - သင်္ချိုင်းနှင့် တူသော ပုဂ္ဂိုလ် အပြစ် ၅-မျိုးဟူသည်မှာ -

ဘယ်လမ်းက သွားနေသလဲ


မြတ်စွာဘုရားက ဘယ်လို ဥပမာပေးလဲဆိုတော့
တောင်ထိပ်က မျက်စိအမြင်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဟာတဲ့
ဟိုးအဝေးကရှိတဲ့ သဲကန္တာရကြီးထဲကို လှမ်းပြီးကြည့်လိုက်တယ်။
ကြည့်တော့ အပေါ်ကလဲ နေကပူလိုက်တာ အောက်က သဲတွေကလဲ
ပူကျက်ပြီးတော့ လောင်ကျွမ်းနေတဲ့ ဒီခရီးကို ကြည့်နေတုန်းမှာပဲ
လူတစ်ယောက် ခရီးသွားနေတယ် ၊ အဲဒီကန္တာရကြီးထဲမှာ
သူက ဖိနပ်မပါ အပေါ်က အဆောင်းမပါ သွားနေတာ။
အဲဒါကို အမြင့်ကနေ ကြည့်တဲ့သူက မြင်တယ်။

ဘိက္ခူနီ သာသနာ နှင့် ၀န်ခံဂတိ (၈) မျိုး


ရှင်အာနန္ဒာ ရှေ့နေလိုက်ပြီး မဟာပဇာပတိဂေါတမီနဲ့ အပေါင်းအပါတွေကို 
သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့၊ ဘိက္ခုနီ (ရဟန်းမ) အဖြစ်လက်ခံဘို့ 
သုံးကြိမ် သုံးခါ လျှောက်တာတောင် မြတ်စွာဘုရားက ငြင်းပယ်ခဲ့ပါတယ်။

ဒီတော့ ရှင်အာနန္ဒာ စိတ်ရှည်ဟန်မတူတော့ပါဘူး။
အရှင်ဘုရားပြောတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတို့ဆိုတာ
ယောက်ကျားတွေပဲ ဖြစ်နိုင်တာလား။ မိန်းမသားတွေ မဖြစ်နိုင်တော့ဘူးလားလို့
မေးခွန်းထုတ်ပါတယ်။

ဇနီးမယား(၇)မျိုးဆိုတာ


မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက  

Facebook ကနေတစ်ခုခု ပြောခဲ့နိုင်ပါတယ်