ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိပြည် မိဂါရသူဌေးကြီးထံမှာ ပုဏ္ဏ၀ဍ္ဎနအမည်ရှိတဲ့ သားတယောက်ရှိပါတယ် အဲဒီသူဌေးသားကလေး အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ သတို့သမီး အလိုရှိခဲ့ကြပါသတဲ့။ မိဘတွေဟာ လက္ခဏာဗေဒင်တတ်တဲ့ ပုဏ္ဏား ရှစ်ယောက်ကို သူတို့ကိုယ်စား အနယ်နယ်အရပ်ရပ်ကိုလွှတ်ပြီး ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတဲ့ သတို့သမီး အရှာခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ပုဏ္ဏားရှစ်ယောက်ဟာ သာကေတမြို့ကို ရောက်ရှိလာကြပါတယ်။ တမန်တော် ပုဏ္ဏားတွေဟာ ရေဆိပ်မှာထိုင်ပြီး သာကေတသူ ပျိုပျိုရွယ်ရွယ်တွေကို ကြည့်လို့ ဘယ်သူများ သူတို့သူဌေးသားလေးနဲ့ သင့်တော်မလဲလို့ ရှာဖွေခဲ့ကြတာပေါ့။
