Buddhism Beams (Myanmar) Website အား ပြည့်ဖြိုး(နည်းပညာမှတ်တမ်း) မှ ပြုလုပ် ဝယ်ယူ လှူဒါန်းသည်..

တန်ခိုးကြီးဘုရား



ဘုရားစေတီမှန်သမျှ ပွင့်ခဲ့ပြီးသောမြတ်စွာဘုရား အဆူဆူကို 
ကိုယ်စားပြုရည်မှန်း၍ တည်ထားခြင်းဖြစ်ပါ၏။ 
ယင်းသို့ မြတ်စွာဘုရားကို ရည်မှန်း၍ တည်ထားသော "ဘုရားစေတီ" အချင်းချင်း
မည်သည့်ဘုရားက "တန်ခိုးကြီးသည်"ဟု သုံးနှုန်းနေကြခြင်းမှာ
သင့်တော်လျှောက်ပတ်ပါ၏လော၊ မြန်မာပြည်အ၀န်းတွင် ဘုရားစေတီအများအပြားရှိလေရာ
"တန်ခိုးကြီးဘုရားဖူးမည်"ဟု အချို့သော ဘုရားဖူးလုပ်ငန်းရှင်များက ကြော်ငြာလေ့ရှိကြ၏။
ထိုဘုရားတို့သာ တန်ခိုးကြီးပြီး ကျန်သောဘုရားတို့က တန်ခိုးမရှိတော့ပြီလော။


"တန်ခိုးကြီးဘုရား"ဟူသော အသုံးအနှုန်းနှင့် စပ်လျဉ်း၍
ဂါးဒီးယန်း ဦးစိန်ဝင်း၏ အမေးကို အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး၏ အဖြေမှာ
များစွာ မှတ်သားစရာ ကောင်းလှပါသည်။

ဂါးဒီးယန်းဦးစိန်ဝင်း၏ အမေးမှာ-
"တန်ခိုးကြီးဘုရားကို တကူးတက သွား၍ ဖူးမြှော်ပူဇော်ခြင်းနှင်
့ အိမ်တွင်ကိုးကွယ်ထားသော ရုပ်ပွားတော်ကို ဖူးမြှော်ခြင်းတွင်
မည်သည့်ဖူးမြှော်ခြင်းက ပို၍ အကျိုးရှိပါသနည်း?"

ဆရာတော်ကြီး၏ ဖြေကြားတော်မူချက်မှာ ဤသို့ဖြစ်ပါ၏။

"ဘုန်းကြီးအလိုအားဖြင့် သက်တော်ထင်ရှား မြတ်ဘုရား၏
ကိုယ်စားတော်ချည်းဖြစ်ကြသော ရုပ်ပွားတော်၊ စေတီတော်များကို
တန်ခိုးကြီးငယ် မခွဲခြားလိုပါ။
လူအသွားအလာများသည်ကိုတန်ခိုးကြီး
လူအရောက်အပေါက်နည်းသည်ကို တန်ခိုးငယ်ဟု ဆိုလိုလျှင်
တောကြီးတောင်ကြီးထဲ၌ လူတစ်ယောက်မှ အရောက်အပေါက်မရှိသော
ရုပ်ပွားတော်၊ စေတီတော်များကို တန်ခိုးမရှိသော ဘုရားဟုခေါ်ရမလို ဖြစ်နေပါသည်။
ထို့ကြောင့် ဤပြဿနာအတွက် အထူးဖြေဖွယ်ရာ မလိုပါ။
မိမိစိတ်က ဂုဏ်တော်ကို အာရုံပြုရာ၌ သဒ္ဓါ၊ ပညာ အတိမ်အနက်လိုက်၍သာ
အကျိုးရ ကွဲပြားဖွယ်ရှိပါသည်။
အကယ်၍ အလွန်ကြည်ညိုစွာ အာရုံပြုရာနိုင်ပါမူ
သက်တော်ထင်ရှား မြတ်ဘုရားကိုဖူမြင်ရသောအကျိုးကဲ့သို့ တန်းတူပင်ဖြစ်နိုင်ပါသည်။
ဥပမာ အသက်ရှိသော မိဘကိုမြင်တွေ့ရခြင်းနှင့် မိဘမရှိ၍ ဓါတ်ပုံကိုသာ ကြည့်ရခြင်း ရိုသေလေးစားမှု မကွာလျှင် အကျိုးပေးမကွာနိုင်သကဲ့သို့တည်း"


ဤသို့ဆိုလျှင် ဂေါတမမြတ်စွာဘုရား တစ်ဆူ တည်းကိုသာ မှန်းဆရည်ရွယ်တည်ထားသော "ဥဒ္ဒိဿစေတီ" ချင်းတူပါလျက် အချို့ချို့သော ဘုရားစေတီများကို "တန်ခိုးကြီးဘုရား" ဟူ၍ ရွေးချယ်သုံးနှုန်းခြင်းအပေါ် မည်သို့သဘောထားသင့်သည်၊ ထင်မြင်ယူဆသင့်သည်ကို
မျှော်ခေါ်ဆင်ခြင်သုံးသပ်ကြည့်နိုင်ကြလိမ့်မည် ထင်ပါသည်။

ကျွန်တော် ကိုရင်ဝတ်တုန်းကလဲ ကျောင်းကဆရာတော်ကြီးကို လာလျောက်ကြတဲ့
တောနယ်က ဆင်းရဲတဲ့ ဒကာမ တချို့ကိုတွေ့ဖူးပါတယ်။
အဲဒီဒကာမတွေက ကျောင်းမှာ သူတို့သားတွေကို ဘုန်းကြီးကျောင်းသားအဖြစ်ထားပြီး
သူတို့ရဲ့ပညာရေးကို ဆရာတော်ကြီးက တာဝန်ယူရပါတယ်၊
ထားပေးတာကတော့ အစိုးရကျောင်းပါ၊ ကလေးတွေက ကျောင်းသားအရွယ်ဆိုတော့ အဆော့မက်တာပေါ့၊ ဘုရားဝတ်ပြုချိန်ဆိုရင် ကြိမ်နဲ့ခေါ်ရတယ်၊
ကလေးအမေဒကာမက အထက်မြန်မာပြည် တန်ခိုးကြီးဘုရားဖူးဖို့
သူ့သားကို ခေတ္တခဏလာခေါ်ကြတာပါ၊ အဲဒီတော့ သူတို့သားက ကျောင်းက ဘုရားကိုတောင် ၀တ်ပြုချိန်မမှန်ချင်တာ၊ ဘုန်းကြီးကသူ့ကိုမိန့်ပါတယ်၊
မင်းကတန်ခိုးကြီးဘုရားသွားဖူးဦးမယ် ဟုတ်လား၊ ငါ့ကျောင်းပေါ်ကဘုရားလဲ တန်ခိုးကြီးပါတယ်ကွာ ကျောင်းပေါ်က ဘုရားကိုအားနာပါဦးကွာ
တဲ့ဗျားးးး
                                မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ

                                                ......................

လောကီကုသိုလ်နှင်. လောကုတ္တရာကုသိုလ်




မြတ်စွာဘုရားနှင့် သံဃာတော်များ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရင်းဖြင့် မြိုပ၀င်ပေါက်နားတွင်
မစင်ကို စားနေသော ၀က်မလေးတစ်ကောင်ကို
 တွေ့ရာမှ ထိုဝက်မလေး၏ အတိတ်ဘ၀ကို အရှင်အာနန္ဒာ၏ မေးလျှောက်မှုကြောင့်
ဗုဒ္ဓက – ထိုဝက်မလေးသည် အတိတ်ဘ၀က ကကုသန်မြတ်စွာဘုရားလက်ထက်တုန်းက ဆွမ်းစားကျောင်းအနီးမှာ ကြက်မတစ်ကောင်း ဖြစ်ခဲ့ရတယ်။

ရဟန်းတော်များရဲ့တရားဒေသနာရွတ်ဖတ်သရဇ္ဈာယ်သံတွေကို နားထောင်ခဲ့ရတဲ့ ကုသိုလ်ကြောင့် ကြက်မဘ၀ကသေတဲ့အခါ ဥဗ္ဗရီ အမည်ရှိ မင်းသမီးတစ်ယောက် ဖြစ်ခဲ့၏။ တစ်နေ့သောအခါမှာ ရေအိမ်ဝင်ရင်း ပိုးလောက်တို့ကို တွေ့မြင်ရတဲ့အခါ ပိုလောက်ဟူသော အမှတ်သညာကို အခြခံထားပြီး သမထဘာဝနာကိုပွားများလိုက်တာ ပထမဈာန်ကို ရသွားခဲ့သည်။ ထိုဈာန်ကြောင့် ဗြဟ္မာဘုံသို့ ရောက်၏။ ထို ဗြဟ္မာဘုံမှ စုတေသောအခါ လူအမျိုးသမီးတစ်ယောက် ဖြစ်ရ၏။ ထိုလူ့ဘ၀မှသေသော် ၀က်မလေး ဘ၀ဖြစ်ရတာလို့ မိန့်တော်မူခဲ့တာကြောင့် အရှင်အာနန္ဒာနဲ့ ရဟန်းများစွာဟာ ပုထုဇဉ်မှန်သမျှ ၀ိနိပါတဘေးက မလွတ်ပုံကိုတွေးပြီး သံဝေဂ ဖြစ်ကြပါတယ်။

လူသာချင်းတူပါလျှက် ကံကွဲပြားခြားနားပုံ



သုဘလုလင်၏ လျောက်ထားချက်
မြတ်စွာဘုရား….၊  ဤလောက၌ နေထိုင်ကြသူ အပေါင်းတို့သည် လူအချင်းချင်း တူညီကြပါလျက် အရာရာ၌  ညီတူညီမျှ မဟုတ်မူ၍ အယုတ်၊ အလတ်၊ အမြတ် ကွဲပြား ထူးခြားနေကြပါသည်။ 

ကွဲပြားခြားနားပုံ ---

၁ (က) အချို့ သူတို့မှာ အသက်တို၍၊
   (ခ) အချို့ သူတို့မှာ အသက်ရှည်ပါကုန်သည်။
၂ (က) အချို့ သူတို့မှာ မကျန်းမမာ အနာရောဂါ များ၍၊
   (ခ) အချို့ သူတို့မှာ ရောဂါ ကင်းရှင်း ကျန်းမာခြင်း ရှိကြပါသည်။
၃ (က) အချို့ သူတို့မှာ အရုပ်ဆိုး၍၊
    (ခ) အချို့ သူတို့မှာ အဆင်းလှကြပါသည်။
၎ (က) အချို့ သူတို့မှာ ဘုန်းတန်ခိုးနည်းပါး၍၊
   (ခ) အချို့ သူတို့မှာ ဘုန်းတန်ခိုးကြီးကြပါသည်။
၅ (က) အချို့ သူတို့မှာ ဆင်းရဲနွမ်းပါး၍၊
   (ခ) အချို့ သူတို့မှာ ပေါများ ကြွယ်ဝကြပါသည်။
၆ (က) အချို့ သူတို့မှာ အမျိုးယုတ်နိမ့်၍၊
   (ခ) အချို့ သူတို့မှာ အမျိုးမြင့်မြတ်ကြပါသည်။
၇ (က) အချို့ သူတို့မှာ ပညာ ဉာဏ်နည်းပါး၍၊
   (ခ) အချို့ သူတို့မှာ ပညာ ဉာဏ်များပြားလှပါသည်။

ဤသို့ ကွဲလွဲခြားနားကြခြင်းသည် “ အဘယ် အကြောင်းကြောင့်ပါနည်း “ ဟုလျှောက်ထားလေ၏။

တန်ဆောင်မုန်း လပြည့်နေ့ (သာမည ဖလ အခါတော်နေ့)


တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမည ဖလသုတ္တန်ကို ဟောကြားတော် မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။

၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟုအဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ ဤနေ့ကိုသံဃာတော်များ၏နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၎။ သာမည ဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။

သီတင်းကျွတ်လပြည့်နေ့




ဘုရားရှင် (၇) ၀ါမြောက်ကာလ၊ (၇)လမြောက် မြန်မာလ
ရဟန်းသံဃာတော်များ တစ်နေရာတည်း၌ ၀ါကပ်နေထိုင်ခြင်း (သီတင်း)မှ
ကျွတ်ခြင်း (ပြီးဆုံးခြင်း) အခါသမယဖြစ်သော "သီတင်းကျွတ်လပြည်.နေ."။




တာဝတိံသာနတ်ပြည်မှ အမေဟောင်း သန္တုဿီတနတ်သားနှင်.တကွ
နတ်ဗြဟ္မာတို.အား အဘိဓမ္မာ (၇) ကျမ်းဟောကြားသောကြောင်.
"အဘိဓမ္မာအခါတော်နေ."။

ဝါခေါင်လပြည့် - မေတ္တာအခါတော်နေ့ တရားတော်




ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ ခေါ်ရတာက ပါဠိအဋ္ဌကထာဋီကာ အသွားအလာ အဆိုအမိန့်တို့ကို ကြည့်ရှု ရှေ့နောက်ထောက်ထား၍ မေတ္တာသုတ်တော်ကို ဒီနေ့မှာ (သို့မဟုတ်) ၀ါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက် အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက်ယူဆပြီး မေတ္တာအခါတော်နေ့လို့ ဆိုခြင်းဖြစ်ပါတယ်။                     မြတ်စွာဘုရား ကောသလတိုင်း သာသတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်းစံပျော်တော်မူသော ကာလ၊ တခုသော ၀ါဆိုဦးမှာ သံဃာတော်(၅၀၀)တို့ ဘုရားထံမှာ ကမ္မဋ္ဌာန်းနည်း တောင်းခံပြီး တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေကြပါတယ်။ ထိုတောတွင် ရှိနေကြသော နတ်များက သံဃာတော်တို့၏ သီလအရှိန်ကို ရိုသေကြသောကြောင့် မိမိတို့ နေရာများမှ ဖယ်ရှားပေးကြ၊ ရှောင်နေကြပါတယ်။

လမြတ်ဝါဆို


 

 ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကို “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို”လို့ အထူးပြု ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာသက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့ သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့် ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊ အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တောထွက်သွားတဲ့နေ့ရယ်၊ အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့) ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက် ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။ ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့် ၀ါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့ အတူတူပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို လမြတ်ဝါဆိုလို့ ဆိုခြင်း ဖြစ်ပါတယ်။

ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ




ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ အလှူရေစက်လက်နှင့်မကွာ
 လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌ “ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း ကြားဘူးကြမည်ထင်ပါသည်။
 ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည် ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌ အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ “ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း များစွာ) ရှိနေသောကြောင့်ဖြစ်ပေသည်။ 

ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊ ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ် ကင်းလွတ်ခွင့်ရခြင်း )အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “ မူ” များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။

ကဆုန်လပြည့်နေ့



ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။ 
စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။  

ဗေဒင်အတိုင်းသာ သတ္တဝါတွေဖြစ်နေကြရင်


ဗေဒင်၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ အတိတ်စွဲ၊ နိမိတ်စွဲတို့၌ ယုံကြည်ခြင်းသည် ဒွန်းစဏ္ဍား ဗုဒ္ဓဘာသာဝင်တို့၏ လက္ခဏာဟု ဘုရားရှင်ကိုယ်တော်တိုင် (အင်္ဂုတ္တရပါဠိတော်-တတိယ-စာမျက်နှာ ၁၈၁) တွင်ဟောကြားတော်မှုခဲ့ပါသည်။ 
ဗုဒ္ဓဘာသာဝင်တို့ ရရှိတည်ဆောက်အပ်သောသမ္မာဒိဋ္ဌိ ငါးမျိုးရှိရာတွင် ကမ္မဿကတာ သမ္မာဒိဋ္ဌိသည် အခြေခံ ပထမ အဆင့် ဖြစ်ပါသည်။ ယင်းအခြေခံ သမ္မာဒိဋ္ဌိအဆင့်တွင်မှ မတည်လျှင် အထက်အဆင့် သမ္မာဒိဋ္ဌိလေးမျိုးကို ရရှိဖို့ရာ မဖြစ်နိုင်ပါ။ ဗေဒင်၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ အတိတ်စွဲ၊ နိမိတ်စွဲတို့၌ ယုံကြည်ခြင်းသည် ကံ၊ ကံ၏ အကျိုးကို မယုံကြည်ခြင်းဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ တည်တော့မည် မဟုတ်ပါ။ ကံ၊ ကံ၏ အကျိုးကို မယုံကြည်လျှင် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်လည်း မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ပါ။ ဗေဒင်နှင့် ပတ်သက်၍ ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဉာဏ ၏ အောက်ပါဩဝါဒတော်ကို လေးနက်စွဲမြဲစွာ မှတ်သားအပ်လှပါ၏ ။

Facebook ကနေတစ်ခုခု ပြောခဲ့နိုင်ပါတယ်