ပါဠိသည် တရားမဟုတ်






ယခုခေတ်တွင် စာနယ်ဇင်းများ၌ "ဂါထာမန္တာန်" များကို အလေးပေးဖော်ပြကြ၏။ ယင်းသို့ဂါထာများကိုဖော်ပြရာ၌ "ပါဠိ" ဘာသာဖြင့် ဖော်ပြကြရာ အချို့သော စာဖတ်သူများက ပါဠိဆိုလျှင် "ဘုရားဟော" ဟုထင်မှတ်ကြ၏။ ပါဠိနှင့် ရေးသားထားသော ဂါထာမှန်သမျှ "ဘုရားဟော ဂါထာ"ဟု ယုံကြည်တတ်ကြ၏။ဤအားနည်းချက်ကို အခွင့်ကောင်းယူလျက် "သာသနာပြင်ပဂါထာ" များကို "ဘုရားဟောဂါထာ"ယောင်ယောင်
ချီးပဖွင့်ဆိုလာမှုများကို တွေ့ ရပါ၏။ "ဘာသာတရား" မဟုတ်ပါ။ ပါဠိဘာသာဖြင့်ရေးသားတိုင်း "ဘုရားဟော" မဟုတ်ကြောင်း အလေးအနက် ခွဲခြားသိမြင်နိုင်စိမ့်သောငှါ ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဉာဏ က အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ မိန့်ကြားတော်မှုခဲ့ပါ၏။ 



"ပါဠိသည် တရားမဟုတ်ပေ။ မာဂဓဘာသာဖြစ်၏။ ပရမတ်သား ပေါ်အောင်ပြောလျှင် ဘာစကားမဆို တရားဖြစ်၏။ မြတ်စွာဘုရား ရှိစဉ်က ရဟန်းတစ်ပါးက လျှောက်ထားဖူးလေ၏။
"မြတ်စွာဘုရား၊ သာသနာတော်၌ အမျိုးမျိုးသောဇာတ်မှလာသော သူတို့သည် ရဟန်းပြုကြကုန်ပြီးလျှင် မိမိတို့ဘာသာဖြင့်သာ တရားကို ဟောကြကုန်၏။ ထိုသို့ဟောသော် တရားတော်ကြီး ပျက်စီးလာပါလိမ့်မည်။ သို့ပါ၍ မြတ်စွာဘုရားဟောသမျှ တရားတို့ကို သက္ကတ ဘာသာသို့ တင်ထားပါအံ့။ ဟောသောသူကိုလည်း သက္ကတဘာသာဖြင့်သာ ဟောပါစေ"

ဟု လျှောက်ထားသောအခါ လက်မခံဘဲ မိမိတို့ဘာသာဖြင့် ဟောခြင်းကိုသာ ခွင့်ပြုတော်မှု၏။

ထို့ကြောင့် ပရမတ်ညဏ်၊ မဂ်ဉာဏ်ပေါ်အောင် ဟောနိုင်ဖို့သာ လိုရင်းဖြစ်၍ ပါလိဘာသာသည် လိုရင်းမဟုတ်ပါချေ။ မြန်မာတို့က ပါဠိကိုမှ တရားဟု ထင်ကြကုန်၏။ ဉာဏ်နည်းလေစွ တကား"
                                         .........................................

မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၁၉၀) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။