Buddhism Beams (Myanmar) Website အား ပြည့်ဖြိုး(နည်းပညာမှတ်တမ်း) မှ ပြုလုပ် ဝယ်ယူ လှူဒါန်းသည်..
နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက် ကျွန်ုပ်ကိုယ်မှာ ချွေးသံတွေတရွှဲရွှဲဖြစ်လို့လာသည်။ နောက်ထပ် နှစ်မိုင်လောက်လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့်မှ မြင်နေရသော တောအုပ်ကို ရောက်ပေလိမ့်မည်။ ထိုတောအုပ်ရောက်မှပဲ အမောအပန်းဖြေကာ ပါလာသောရိက္ခာထုပ်ကိုစားတော့မည်ဟူသော အတွေးဖြင့်အသွားနှုန်းကို အနည်းငယ်မြှင့်တင်လိုက်မိသည် ။
ကျွန်ုပ်၏ အမည်က ဆတ္တ ၊ ဘာသာက ဗြာဟ္မဏ (ဟိန္ဒူ) ဘာသာ ၊ ဇာတိက သေတဗျမြို့ ၊ ယခုသွားနေသည်က တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ခ အသပြာတစ်ထောင်ပူဇော်ရန် တောအုပ်လေးထဲရောက်ခါနီး မိုင်ဝက်လောက်အလိုတွင် လွင်တီးခေါင်၌ စင်္ကြလျှောက်နေသော အသက်ကြီးကြီး ရဟန်းတစ်ပါးကို တွေ့လိုက်ရသည် ။
အမေး။ ။ အလှူဒါနတစ်ခုပြုလျှင် အခြေအနေအရ ရေစက်ချလှူဒါန်းခြင်း မပြုနိုင်သောအလှူနှင့် ကိုယ်တိုင် ရေစက်ချပြီးလှူသောအလှူ အလှူနှစ်မျိုးတွင် အကျိုးသက်ရောက်မှု ကွာခြားခြင်း ရှိ - မရှိ ပြတ်ပြတ်သားသား သိချင်ပါ၍ လေးစားစွာဖြင့် မေးမြန်းပါသည်ခင်များ။
( မောင်ငြိမ်းချမ်း ) - အမှတ် - ၃၃၄ ၊ စာတိုက်လမ်း ၊ ညောင်တုန်းမြို့။
ဓာတုဟူသော ပါဠိကို ‘ဓာတ်’ ဟု အလွယ်ပင် ဘာသာပြန်လိုက်သည်။ အရိုးဓာတ်၊ သွေးဓာတ်၊ အသားဓာတ်တို့သည်ဘုရားရှင်၏ အမွေအနှစ်များဖြစ်ရာ လူနတ်ဗြဟ္မာ သတ္တဝါတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်၏ ယင်းအသားဓာတ်၊ အသွေးဓာတ်၊ အရိုးဓာတ်တို့ကို ‘ဓာတ်တော်’ ဟူ၍ ခေါ်ပါသည်။
ဓာတ်တော်မွေတော်ဟူ၍လည်း နှစ်မျိုးခွဲ၍ ခေါ်ဝေါ်ကြပါသေးသည်၊ ဓာတ်တော်နှင့် မွေတော်မှာ ဝေါဟာရသာ ကွဲပြားသော်လည်း အဓိပ္ပာယ်သဘောမှာ အတူတူပင်ဖြစ်ပါသည်။
မှန်ပါသည်၊ ဘုရားရှင်၏ ဓာတ်တော်တို့သည် နောင်လာနောက်သား လူနတ်ဗြဟ္မာ သတ္တဝါအများတို့ ကိုးကွယ်ဆည်းကပ်ပါက အကျိုးတရားများစွာ ဖြစ်ထွန်းရန် ရည်သန်၍ အဓိဋ္ဌာန်ကာ ထားတော်မူ ပေးတော်မူခဲ့သော အမွေအနှစ်များဖြစ်၍ ဓာတ်တော်ကိုပင် မွေတော် ‘အမွေတော်’ ဟု ခေါ်ကာ ‘ဓာတ်တော် မွေတော်’ ဟု သုံးနှုန်းခြင်းဖြစ်ပါသည်။
‘ဓာတ်တော် မွေတော်’ ဟူသည် ‘မိမွေ ဖမွေ’ ဟူသကဲ့သို့ အမှန်စင်စစ် ကိုးကွယ်ဆက်ခံအပ်သော ဝတ္ထု၏အမည် ဖြစ်ပါသည်။
ယင်းကို အချို့က ဘုရားရှင်၏ ကိုယ်တော်မှ ဖြစ်သည်ကို ‘မွေတော်’ ဟု ဆိုလို၍ ရဟန္တာ အရှင်မြတ်တို့မှ ဖြစ်သည်ကိုကား ‘ဓာတ်တော်’ ဟု ဆိုလိုကြပါသည်။
အမှန်စင်စစ် ယင်းသို့ခွဲ၍ ဆိုရန်မသင့်ပါ။ ဓာတု သဒ္ဒါမှာ ဓာတ်ဟောဖြစ်ရကား ‘ဓာတ်တော်’ ဟု ခေါ်သင့်ပါသည်။ ယင်းဓာတ်တော်ကိုပင် နောင်လာနောင်သား လူနတ်ဗြဟ္မာ သတ္တဝါအများတို့ ကိုးကွယ်ဆက်ခံအပ်သော အမွေအနှစ်ဖြစ်၍ ‘မွေတော်’ ဟု ဆိုရကား ‘ဓာတ်တော်’ နှင့် ‘မွေတော်’ မှာ အတူတူပင် ဖြစ်ပါသည်။
Q. "ဘုရားနှင့် ပစ္စေကဗုဒ္ဓါ"တို့၏ တူပုံနှင့် ခြားနားပုံများ
ကို အသေးစိတ်လေးများ သိရှိခွင့်ရရင် သိရှိလိုပါသည်
အရှင်ဘုရား။
A. ဘုရား၊ ပစ္စေကဗုဒ္ဓတို့ရဲ့ ခြားနားချက်ကို မပြောခင် “ ဗောဓိနဲ့၊ ဗောဓိသတ္တ” အကြောင်းကို အရင်ပြောပြဖို့ လိုပါတယ်။
ဒီလို ဗောဓိအကြောင်းကို ပြောမယ်ဆိုရင် သာဝကအကြောင်းလည်း ထည့်ပြောရမှာဖြစ်လို့ မေးခွန်းထဲမှာ မပါပေမယ့် ဒီနေရာမှာ သာဝကအကြောင်းကိုပါ ထည့်သွင်းပြောကြားပေးမှာ ဖြစ်ပါတယ်။
ဗောဓိဆိုတာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တွေကို ပြောတာဖြစ်ပြီး ဒီဉာဏ်တော်တွေကို ရဖို့ကြိုးစားကာ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေကို
ဗောဓိသတ္တလို့ ဆိုတာဖြစ်ပါတယ်။
ကပိလဝတ်ပြည် ၊ နိဂြောဓာရုံ ကျောင်းတော်၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေတော်မူစဉ်အခါ ဖြစ်၏ ။ ထိုအခါ မဟာနာမ် သာကီဝင်မင်းသည် ဗုဒ္ဓထံသို့ရောက်လာချဉ်းကပ်ကာ ဤသို့ လျှောက်ထားလေ၏။
" အရှင်ဘုရား - ဤကပိလဝတ်ပြည်သည် လူဦးရေ ထူထပ်ပေါများ၍ စည်ကားလှပါ၏ ။ လမ်းတို လမ်းရှည်နှင့် ဈေးအိမ်တို့လည်း များပြားလှပါ၏ ၊ အရှင်ဘုရား - တပည့်တော်သည် မြတ်စွာဘုရားကို လည်းကောင်း ၊ သံဃာတော်ကို လည်းကောင်း ဆည်းကပ်ခစားပြီး၍ ညနေချမ်းအချိန်၌ ကပိလဝတ်သို့ ဝင်သည်ရှိသော် ပြေးလွှာနေသော ဆင်နှင့်လည်း တွေ့ဆုံရပါ၏ ၊ မြင်း - ရထား - လှည်းတို့နှင့်လည်း တွေ့ဆုံရပါ၏ ၊ အရှင်ဘုရား - ထိုအခါမျိုး၌ တပည့်တော်အား မြတ်စွာဘုရားကို အာရုံပြုသောစိတ်သည် လွတ်သည်သာတည်း ၊ တရာေးတာ် ၊ သံဃာတော်တို့ကို အာရုံပြုသောစိတ်သည် လွတ်သည်သာတည်း ။
ပြဿနာ = ဘုရား ၊ ရဟန္တာ၌ အတ္တစွဲ ရှိသလော
မေးလျှောက်သူ= တောစိုးနတ်သားတစ်ဦး
တစ်ဦးသော နတ်သားသည် တစ်ခုသော တောအုပ်ကြီး၌ နေ၏ ။ သူနေသော တောအုပ်ထဲသို့ ရဟန္တာကြီးများ လာရောက်နေထိုင်ကြလေရာ ထိုနတ်သားသည် ရဟန္တာကြီးများ အချင်းချင်းပြောကြသော စကားများကို ကြားနေရ၏ ။
ထိုအခါ ယင်းရဟန္တာကြီးများ ပြောစကားကို အကြောင်းပြု၍ ထိုနတ်သားသည် ရဟန္တာကြီးများအပေါ်တွင် ယုံမှားသံသယဖြစ်လာသည် ။
ပြဿနာ = တပ်မက်ခြင်း ။
မေးလျှောက်သူ = ရဟန်းတစ်ပါး ။
အခါးတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အတ္တစွဲ မထားကြဖို့ တပ်ခြင်းကင်းကြောင်း တရားကို ဖောင်ကို ဥပမာတင်စား၍ ဟောကြားတော်မူ၏ ။
လူတစ်ယောက်သည် ခရီးသွားလေ၏ ။လမ်း၌ မြစ်ကြီးတစ်ခုခံနေ၍ ခက်နေသည် ။ ထိုအခါ ထိုသူသည် တစ်ဖက်ကမ်းသို့ ရောက်ရှိရေးအတွက် ဖောင်တစ်ခုကို ဖွဲ့၍ကူး၏ ။ ကမ်းတစ်ဖက်သို့ရောက်သွားလေပြီ ။
နတ်မှာ ပြဿနာမရှိ ၊ တောင်တွေးမြောက်တွေးနှင့် အငြိမ်မနေတတ် ၊ ဆတ်ဆော့သော နတ်မှာ ပြဿနာ ကပ်လာ၏။
နတ်သားတစ်ယောက်သည် လောကအကြောင်းကို ပေါက်ပေါက်ရှာရှာ ကြံစည်လေ၏။ အတွေးနယ်ပယ်ကို ကျယ်ကျယ်ချဲ့ ၊ ဉာဏ်စွမ်းကိုရှိသမျှထုတ်၍ သုံးကြည့်သည်။ အဖြေကိုကား သူ မတွေ့လေ။ ကြာသော် ထိုနတ်သား၏ ကိုယ်တွင် ပြဿနာကပ်နေခြင်းသာ အဖတ်တင်ရုံမက ကိုယ်ပန်းစိတ်ပန်း ဖြစ်လာသည်။ ထိုအခါ ထိုနတ်သားသည် ဗုဒ္ဓမြတ်ဘုရားအား သွား၍ သတိရမိလာသည့်အလျောက် ကသီလင်တနှင့် ဗုဒ္ဓရှေ့တော်ဝင်၍ သူ့ပြဿနာကို ဖြေရှင်းပေးတော်မူပါရန် ပန်ကြားလေသတည်း။
* ဘုရားကို စင်လေးနဲ့ တင်ပြီးကိုးကွယ်တာကို ဘုရားစင်...*
* ဘုရားကို အခန်းတစ်ခန်း သီးသန့်ဖွဲ့ပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားခန်း *
* ဘုရားကို ကျောင်းဆောင်လေး တစ်ဆောင်သီးသန့် ထားပြီး ကိုးကွယ်တာမျိုးကျတော့ ဘုရားကျောင်း...* အသီးသီး ခေါ်ဆိုကြပါတယ်...။
ခုခေတ်တော့ တချို့ က ဘုရားစင်လို့ မခေါ်ကောင်းဘူး... နတ်စင်နဲ့ အခေါ်အဝေါ်တူနေလို့ ဘုရားကျောင်းလို့ ခေါ်ရမယ်... ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာပါတယ်...။
![]() |
| https://www.facebook.com/BuddhismBeams |
တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့အကြောင်းကို မေးထားတာ ကြာပါပြီ၊ အကြောင်းကြောင်းတွေ ကြောင့် လပြည့် နေ့ကို ကျော်လွန်သွားမှပဲ ရေးဖြစ်တော့တယ်၊ ငယ်စဉ်ကတော့ ဂရုဓမ္မအခါတော်နေ့ဆိုတာ သိပ်ပြီး ထူးခြားတဲ့ နေ့လို့ မခံ စားခဲ့ဖူးဘူး၊ သို့သော် သူ့သမိုင်းကြောင်းကို လိုက်ပြီးခြေရာခံလိုက်တော့မှ အစဉ်အလာကောင်းခဲ့တဲ့ နေ့ထူးနေ့မြတ် တနေ့ ဆိုတာကို သိခဲ့ရတယ်။
ဂရုဓမ္မ အခါတော်နေ့ဆိုတာ ယနေ့ခေတ်မှာ ငါးပါးသီလကို မလုံခြုံပဲ အစဆုံးသိက္ခာပုဒ်ကို ချိုးဖျက်လိုက်၊ အလယ် က ဖောက် ဖျက် လိုက်၊ နောက်ဆုံးက တခုကို လွှတ်ထားလိုက် လုပ်နေကြတဲ့ လူသားများ အတွက် တော်သ လင်း လပြည့်ေ န့ ရော က်တိုင်း သတိရစရာ၊ အတုယူစရာ၊ လိုက်နာစရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။









