Buddhism Beams (Myanmar) Website အား ပြည့်ဖြိုး(နည်းပညာမှတ်တမ်း) မှ ပြုလုပ် ဝယ်ယူ လှူဒါန်းသည်..

ကောသလမင်းကြီး၏ အိမ်မက် (၁၆) ချက်




(၁) အမေး ။ နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။ 
အဖြေ။ အရှေ့အနောက်၊ တောင် မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။


- အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။


- နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။





(၂) အမေး ။ မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။ 
အဖြေ ။ အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။

- နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။


- နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား



အမေး။ ။ တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ) ကို ရောက်နိုင်သလား။
(ဆလိုင်း ဟန်သာစန်း)

အဖြေ။        ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့ သူ့အဖို့ကောင်းတာလေးတွေလုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊ ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။

ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာကျလည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်းမပါရှိပါဘူး။

ဒါပေမဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့အခါလဲ ရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမဟုတ်သော်လဲ ကောင်းတာလုပ်ရင် သုဂတိဘုံရောက်တဲ့သဘောပါ။

ယနေ့ခေတ်မှာလဲ စူနာမီဘေးဒါဏ်ခံခဲ့ရတဲ့ ဒုက္ခသည်များကို စိတ်ရောကိုယ်ပါ အကူအညီပေးနေကြပါတယ်။ မကြာသေးခင်က ဟေတီနိုင်ငံမှာ လှုပ်သွားတဲ့ငလျင်ကြောင့် လူပေါင်းများစွာသေကြေပျက်စီးပြီး၊ အချို့မှာ အိုးမဲ့အိမ်မဲ့ တကောင်ကြွက်ဘ၀၊ အတိဒုက္ခရောက်ခဲ့ရတယ်။ ဒါကို အခြားဘာသာဝင်များက လူသားချင်းစာနာကာ ဒေါ်လာသန်းချီပြီး ချက်ခြင်းပေးလှူတဲ့အပြင် ကယ်ဆယ်ရေးတွေကိုလဲ ပြုလုပ်ခဲ့ကြတာဟာ ကောင်းတဲ့အလုပ်ပါ။ 

ဗုဒ္ဓဘာသာဆိုတာ ဘာလဲ ...



(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်  
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

ဆုတောင်းပြည့်တယ်ဆိုတာ ဟုတ်ရဲ့လား ...



မေး။ အရှင်ဘုရား သိချင်တာလေတခုရှိလို့ပါဘုရား။
မိုးညှင်းသမ္ဗုဒ္ဓေ ကိုအလုံး 1000 ပုတီးစိပ်ရင် ဆုတောင်းပြည့်တယ်ဆိုတာ ဟုတ်ပါသလားဘုရား။

မနာပ ဒါယီ အရှင်ဝိစိတ္တ 
ဖြေ။ ကိုယ်လုပ်ထားတဲ့ ကောင်းမှုကုသိုလ်ရဲ့ အကျိုးပေးချိန်နဲ့ တောင်းဆုပြုထားမှု တိုက်ဆိုင်ကြုံတွေ့သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီဘုရားကိုသွားပြီး ဒီလို ပုတီးစိပ်တိုင်း ဆုတောင်းပြည့်နိုင်တာတော့ မဟုတ်ပါဘူး။ ကောင်းမှုနဲ့ မကောင်းမှုဆိုတာ ပြုလုပ်တဲ့သူနဲ့ အကျိုးပေးချိန် တိုက်ဆိုင်မှ၊ အကျိုးပေးခွင့်သာမှ အကျိုးပေးတာ ဖြစ်ပါတယ်။ အကျိုးပေးချိန် မတန်သေးရင် ကောင်းတာတွေ လုပ်နေပေမယ့် မကောင်းတာတွေနဲ့ ကြုံတွေ့နေရတတ်ပြီး မကောင်းတာတွေ လုပ်နေသူတွေလည်း ကောင်းတာလေးတွေ ကြုံနေရတတ်ပါတယ်။ ဒါက ကောင်းမှုမကောင်းမှု အကျိုးပေးချိန် မတန်သေးလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းကံဆိုတာ များများလုပ်ပေးနိုင်လေ ကံကောင်းမှုတွေ များများရောက်လာလေဖြစ်ပြီး ကံကောင်းမှုကြောင့် ကောင်းကျိုးတွေ များများရောက်လာတာဟာ ဆုတောင်းပြည့်တာပါပဲ။

အဘယ့်ကြောင့် ဒေ၀ဒတ်ကို ရဟန်းပြုပေးပါသနည်း



မိလိန္ဒမင်းကြီးက 
အရှင်နာဂ
သိန်မထေရ်ကို
“အရှင်ဘုရား၊
 မြတ်စွာဘုရားသည်
 ဒေ၀ဒတ်ကို ရဟန်းပြုပေးလိုက်လျှင်
နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟု သိတော်မူသည် မဟုတ်ပါလော၊
သိပါလျက် အဘယ့်ကြောင့် ရဟန်းပြုပေးပါသနည်း၊
ရဟန်းပြုမပေးလျှင် သံဃာကို သင်းခွဲ၍ မဖြစ်နိုင်သည် မဟုတ်ပါလော”
ဟု မေးလျှောက်ရာ

အရှင်နာဂသိန်မထေရ်က
“မင်းကြီး၊ ဒေ၀ဒတ်သည် နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟုမြတ်စွာဘုရား မြင်တော်မူ၏။ မြင်တော်မူသော်လည်း အကယ်၍ ရဟန်းပြုမပေးက
သံဃဘေဒက = သံဃာကို သင်းခွဲသောကံထက် ဆိုးဝါးကြမ်းကြုတ်သည့်
နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြုလိမ့်မည် ဧကန်ဖြစ်၏။

သံဃဘေဒကကံသည် အပါယ်သို့ ကျစေမည်ဖြစ်သော်လည်း ကာလအပိုင်းအခြားရှိသေး၏။ ရဟန်းပြုမပေးလျှင် နိယတမိစ္ဆာဒိဋ္ဌိစသော မကောင်းမှုတို့ကို ပြု၍ ကာလအပိုင်းအခြားမရှိ ငရဲဒုက္ခခံရမည်ကို သိမြင်တော်မူသောကြောင့်

မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ်ချသူ - အရှင်သာရိပုတ္တရာ



 သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာ တွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တ၇ားအရရော စိတ်နေ သဘောထားအရနဲ့ အသိဉာဏ်ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှ ပါတယ်။

အရှင်သာရိပုတ္တရာလောင်း(သုရုစိရသေ့)ဟာ လွန်ခဲ့တဲ့တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတုန်းက အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ နိသဘမထေရ်ကို အားကျကြည်ညိုပြီး လက်ယာတော်ရံ အဂ္ဂသာဝကဆုကို ပန်ဆင်တော်မူခဲ့တာပါ။ စာရေးသူတို့ရဲ့ ရှင်တော်ဘုရား လက်ထက်ရောက် တဲ့အခါ ရာဇဂြိုဟ်ပြည် အနီးနားက ဥပတိဿရွာမှာ ရွာသူကြီး ၀င်္ကန္တပုဏား ကြီးနဲ့ ရူပသာရီပုဏေးမကြီးတို့ရဲ့ သားကြီးသြရသ ဥပတိဿလုလင် ဖြစ်လာပြီး ရဟန်းပြုတော်မူတဲ့အခါ မယ်တော်ရဲ့ အမည်ကို အစွဲပြုကာ အရှင်သာရိပုတ္တရာ လို့ အမည်တွင် ထင်ရှားတော်မူခဲ့တာ ဖြစ်ပါတယ်။

ဝစီပိတ် အကျင့်ဟူသည်




ဗုဒ္ဓဘာသာဝင်အများစုသည် ၀စီပိတ်ကျင့်သူကို သူတော်စင်၊ သူတော်မြတ်ဟု ထင်မှတ်တတ်ကြ၏။ ၀စီပိတ်ကျင့်သူ ပုဂ္ဂိုလ်ထံသို့ သူ့ထက်ငါအလျင်အမြန်ချဉ်းကပ်ကြသည်။ ၀စီပိတ်ကျင့်သူကို လှူသော် ပို၍အကျိုးရှိသည်၊ ပို၍ကုသိုလ်ရသည်ဟု ယုံကြည်လျက် ရက်ရက်ရောရော ပေးလှူတတ်ကြ၏။ ထိုသို့သော အခြေအနေတွင် 
"၀စီပိတ်ကျင့်သူများ"၊ "၀စီပိတ်ကျင့်သူဟု ဆိုသူများ" တိုးပွားလာတော့၏။ 
ဝစီပိတ်အကျင့်သည် လာဘ်လာဘတို့ စုပြုံတည်မှီရာ ဟူ၍ဖြစ်လာသောအခါ 
"၀စီပိတ်အကျင့်" ကို သာသနာတော်အကျင့်ပမာ သဘောထားပြီး ကျင့်ကြံသူများ ပေါ်ပေါက်လာချေတော့သည်။

ဝစီပိတ်အကျင့်ဟူသည် -

(၁) သာသနာတော်ဆိုင်ရာ ကျင့်စဉ်လော။
(၂) မြတ်စွာဘုရားက "၀စီပိတ်" ကျင့်ရန် ညွှန်ကြားတော်မူခဲ့ပါ၏လော၊
(၃) ၀စီပိတ်အကျင့်သည် သာသနာတော်အတွက်

အကျိုးကျေးဇူးတစ်စုံတစ်ရာကို ပေးဆောင်နိုင်စွမ်းရှိပါ၏လော။

ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ

" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ "


“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”
လို့ဆိုပြီး အဲဒီဗုဒ္ဓ၊ အဲဒီသံဃာတွေကို ကိုးကွယ်ရမှာပါ၊ ယခုလို အပြောင်းအလွှဲရှိနိုင်တဲ့ ပုထုဇဉ်သံဃာတွေကို ဆိုတာကတော့ နောင်ရေး၊ နောင်ဘဝရေးကို သာသနာ့ဝန်ထမ်းနေတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုပြီးတော့ အားပေးကြရမယ်၊ ဒကာ-ဒကာမတွေက အားပေးကြရမယ်၊ အဲဒီလို အားပေးကြတဲ့အတွက် ဒကာ-ဒကာမတွေမှာ ကုသိုလ်တွေပွါးလို့၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ ပြီးတော့ ဒီကသံဃာတော်တွေကလဲ စိတ်ကောင်းကောင်းထား၊ ကောင်းကောင်းနေထိုင်၊ ကောင်းကောင်းကျင့်ကြတဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ အဲဒီလို ဆိုတော့ကာ ဆရာရော ဒကာပါ "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုသလို အချင်းချင်းအားထား၊ ကုသိုလ်တွေပွါးပြီးတော့ ဓမ္မစကြာမှာပါတဲ့ သစွာလေးပါးကို မျက်စိနဲ့ မြင်သလို ဉာဏ်နဲ့ မြင်ကြရလိမ့်မယ်။

ဘုရားရှင် လက်ထက်တော်တုန်းက သာသနာတော်တွင်းက အရှင် သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပတို့ အမှူးရှိတဲ့ သံဃာတော်များစွာ အတွင်းလမ်းကနေပြီးတော့ သူတော်ကောင်းတရားတွေ ပြီးစီးအောင် ကြိုးစားတော်မူခဲ့ကြတယ်၊ အနာထပိဏ်သူဌေး၊ ဗိမ္မိသာရမင်းတို့၊ ဝိသာခါတို့ အဲဒီလို သူတော်ကောင်းတွေက အပြင်လမ်းကနေပြီးတော့ သာသနာတော်ကို ကူညီထောက်ပံ့ခဲ့ကြတယ်၊ အဲဒီတုန်းက ဝိသာခါတို့များ ဘယ်လောက် အမြင်ကျယ်သလဲဆိုတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်၊

မြတ်စွာဘုရား ဟောထားသော လူလေးမျိုးအကြောင်း


လူနဲ့တိရစ္ဆာန် ခြားနားဟန် နှစ်တန်သိရမည်
အိပ၊် စား၊ ကာမ သိရုံမျှ မှတ်ကြလူမပီ
အကုသိုလ်ပါယ် ကုသိုလ်ဆွယ် တကယ်လူပီသည်
လူမပီက အပါယ်ကျ ဒုက္ခမလွတ်ပြီ
လူပီနေက ချမ်းသာရ ရောက်ရနိဗ္ဗာန်ဆီ တဲ့။

လူ.. လူချင်း.. တူတာတောင်မှ လေးမျိုးခွဲခြား ထားပါတယ်။ လူအများစု ကတော့ ထင်ကြမယ်..။ ဘာတွေများ ကွဲသလဲပေါ့..။ ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးကတော့ တော်တော်လေးကို ကွဲပါတယ်။ စာဖတ်သူလည်း လူလေးမျိုး ဆိုတာကို သိပြီးရင် ကိုယ်ဟာ ဘယ်လိုလူမျိုးထဲမှာ ပါတယ်ဆိုတာလေးကို ဝေဖန်ဆန်းစစ်ပြီး
 ကောင်းသထက် ကောင်းအောင် ပြုပြင်ဖို့ လိုအပ်ပါတယ်။ လူစစ်စစ် ဖြစ်ဖို့.. အပါယ်တံခါး ပိတ်ဖို့.. ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ဖို့ ဘာတွေ လိုအပ်တယ် ဆိုတာလေး ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးနဲ့ တိုက်ကြည့်ကြရအောင်..။ အရင်ဆုံး လူလေးမျိုးနဲ့ မိတ်ဆက်ပေးပါ့မယ်..။

လူ(၄)မျိုးက ဘာတွေလဲဆိုတော့…
(၁) လူ့ငရဲသား
(၂) လူ့တိရစ္ဆာန်
(၃) လူ့ပြိတ္တာ
(၄) လူ့ ပရမတ္တ ပါပဲ။

ဝိညာဉ်မရှိခဲ့လျှင် ဇာတိပဋိသန္ဓေသည် အဘယ်နည်းဖြင့် တဖန်ပြန်၍ နေပါသနည်း

ရှိရှိသမျှသောသတ္တဝါအားလုံးသည် အနတ္တသဘောချည်းဖြစ်ခဲ့လျှင် မည်သည့်တရားသည် ဇာတိပဋိသန္ဓေ တဖန်ပြန်၍ နေပါသနည်း။ အကယ်၍ ဝိညာဉ်မရှိခဲ့လျှင် ဇာတိပဋိသန္ဓေသည် အဘယ်နည်းဖြင့် တဖန်ပြန်၍ နေပါသနည်း။ ဗုဒ္ဓ၏ ဝါဒအရ ဇာတိပဋိသန္ဓေ တဖန်ပြန်၍ နေခြင်းသဘောကို အနတ္တ သို့မဟုတ် ဝိညာဉ်မဲ့တရားဒေသနာနှင့်အညီ ရှင်းလင်း ဟောကြားတော်မူပါ ဘုရား
(မေးမြန်းလျှောက်ထားသူ - ဒေါက်တာ အေ၊ အမ်၊ ဘေကာ အမ်အေ၊ ပီအိပ်(ခ်ျ)ဒီ၊ ဘားအက်လော၊ ဒီအက်(စ်)စီ၊ ကွယ်လွန်သူ အိန္ဒိယတရားဝန်ကြီးချုပ်ဟောင်း၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

ဆရာတော်အရှင်အရိယဓမ္မ။ ဗုဒ္ဓဝါဒအရ ဇာတိပဋိသန္ဓေ တဖန်ပြန်နေခြင်းသဘောဟာ အလွန်နက်နဲတယ်။ ရှင်းလင်းပြ ဖို့ရာလည်း ခက်ခဲတယ်။ နားလည်သဘောပေါက်ဖို့လည်း ခဲယဉ်းလှတယ်။ ဟိန္ဒူဝါဒ ဝိညာဉ်ကူးပြောင်းတယ်ဆိုတဲ့ သဘောနဲ့လည်း လုံးလုံးမတူဘူး။ ဒါကြောင့် ဒကာကြီး မှန်တချပ်ကို ယူလာနိုင်ရင်တော့ မှန်ထဲမှာ အရိပ်ထင်လာတဲ့ သူကို ရုတ်တရက် ဇာတိပဋိသန္ဓေအသစ်တဖန်ပြန်လာတဲ့သူအဖြစ်နဲ့ လက်တွေ့ဥပမာပြပြီးတော့ ရှင်းပြနိုင်ပါလိမ့်မယ်။

Facebook ကနေတစ်ခုခု ပြောခဲ့နိုင်ပါတယ်