စီးပွါးရေး၊ ဘဝအခြေ မြင့်မားရေးတို့ အတွက် လောကီအစီအမံဖြင့် တစ်ပွဲထိုးရှာကြံလိုသူ ပေါများလျက်ရှိ၏ သိဒ္ဓိတင်ထားသည်ဆိုသော ပစ္စည်းများကို'ဆောင်' ထားလျှင် 'အကျိုးပေးသည်'၊ "အကြံအောင်သည်" ဟူ၍လည်း အယူရှိကြ၏။ သိဒ္ဓိတင်စ္စည်း ရောင်းဝယ်မှုကို စီးပွါးရေး လုပ်ငန်းတစ်ခုပမာ ဆောင်ရွက်နေသူတို့ ရှိနေကြ၏။ စင်စစ်သော် မည်သည့်အရာမျှ 'အချောင်'ရရိုးမရှိပါ။ 'အချောင်' ရထားလျှင်လည်း တာရှည်မခံပါ။ "သိဒ္ဓိ" နှင့်ပတ်သတ်၍ကျေးဇူးရှင် သာမညဆရာတော် ဘုရားကြီး ၏ မိန့်တော်မှုချက်ကို ဦးတင်ကြပါစို့။










