စီးပွါးရေး၊ ဘဝအခြေ မြင့်မားရေးတို့ အတွက် လောကီအစီအမံဖြင့် တစ်ပွဲထိုးရှာကြံလိုသူ ပေါများလျက်ရှိ၏ သိဒ္ဓိတင်ထားသည်ဆိုသော ပစ္စည်းများကို'ဆောင်' ထားလျှင် 'အကျိုးပေးသည်'၊ "အကြံအောင်သည်" ဟူ၍လည်း အယူရှိကြ၏။ သိဒ္ဓိတင်စ္စည်း ရောင်းဝယ်မှုကို စီးပွါးရေး လုပ်ငန်းတစ်ခုပမာ ဆောင်ရွက်နေသူတို့ ရှိနေကြ၏။ စင်စစ်သော် မည်သည့်အရာမျှ 'အချောင်'ရရိုးမရှိပါ။ 'အချောင်' ရထားလျှင်လည်း တာရှည်မခံပါ။ "သိဒ္ဓိ" နှင့်ပတ်သတ်၍ကျေးဇူးရှင် သာမညဆရာတော် ဘုရားကြီး ၏ မိန့်တော်မှုချက်ကို ဦးတင်ကြပါစို့။
" သိဒ္ဓိဆိုတာ ပြီးစီးပြည့်စုံတာကို ခေါ်တယ်။ ပြီးစီးအောင်၊ ပြည့်စုံအောင်ဆိုတာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရတယ်။ ဆရာတော် တောင်ပေါ်မှာ အခု ပြည့်စုံနေတာဟာလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်လို့ပဲ။ လာလာသမျှ ပရိတ်သတ်တွေကို တစ်နေ့တစ်နေ့ ဆန်ရှစ်အိတ်ချက်လောက် နေ့စဉ်ကျွေးထား နိုင်တယ်ဆိုတာလည်း ကျွေးနေလို့ ကျွေးနိုင်တာ။ မ ကျွေးရင် ကျွေးစရာကလည်း ဘယ်ကမှ ရောက်မလာဘူး။ လှူနိုင်တယ်ဆိုတာ လှူနေလို့ပဲ။ ဒါန သီလ ဘာဝနာမပါဘဲ အလိုလို မပြီးနိုင်ဘူး "
..............................
the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၂၄၁) မှကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
0 မှတ်ချက်: