ဪ ... ပုထုဇဉ် တဲ့လား


ပုထုဇဉ် ဟူသည် ...


တို့ လူတွေက တယ်ခက်တယ် ။
တစ်ခါတစ်ရံ အဆင်မပြေတာ ကြုံရတဲ့အခါ
 ဒေါသဖြစ်ချင်ကြတယ် ။
အချို့များမှာ ပုထုဇဉ်ပဲ  ဖြစ်မိတာပေါ့ ဆိုတဲ့ ဆင်ခြေလေးနဲ့ ဖြေတက်ကြတယ် ။
ပုထုဇဉ်မို့ ဆိုတာလေးပြောရတာ သိပ်ကျေနပ်နေပုံပဲ ။
ဘာပြုလို့ ပုထုဇဉ်ခေါ်သလဲဆိုတော့ ထည့်မစဉ်းစားဘူး ။


'ပုထု - ကိလေသာ ဇာနေတီဟိ ပုထုဇ္ဇနေဝ ' တဲ့
ပုထု - ကိလေသ ၊ များပြားလှစွာသော ကိလေသာဆိုး အမျိုးမျိုးတို့ကို ။ ဇာနေတိ ၊ ဖြစ်စေတက်၏ ။
ဣတိသ္မာ ၊ ထို့ကြောင့် ။ ပုထုဇ္ဇနေဝ ၊ ပုထုဇဉ်မည်၏ တဲ့ ။



ပုထုဇဉ် ဆိုတဲ့ အဓိပ္ပာယ်ဟာ လောဘကိလေသာအားကြီးသူ ၊
ဒေါသကိလေသာ အားကြီးသူ ၊ မောဟကိလေသာ အားကြီးသူ လို့ ဆိုလိုတယ် ။
ဒီလူ ကိလေသာအတော်အားကြီးတယ်လို့ ဆိုရင် ရှက်စရာကြီး မဟုတ်လား ။

ဒါပေမဲ့ ဒီအဓိပ္ပာယ်ကို မတွေးမိဘဲ ဒါကတော့ ပုထုဇဉ်ကိုးလို့
ပြောရတာတော့ ဟန်ကျတယ် ထင်နေကြတယ် ။
တချို့ ဒါယကာ ၊ ဒါယိကာမကြီးတွေက တရားစကားလေး ဘာလေးပြောရင်
တပည့်တော်တို့ကတော့ ပုထုဇဉ်ကိုး ဘုရား ၊ ဘာညာနဲ့
သူတို့က ဒီအခေါ်လေးနဲ့ ကျေနပ်နေလိုက်ကြတာ . . . . ။





                                      ( ပဋ္ဌာန်းသိပ္ပံဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒာ )

  မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် မှ ကောက်နှုတ်ရေးသားပါသည် ။
................................................