မြေစောင့်နတ်သား ပြဿနာ



အောင်ခြင်းရှစ်ပါးပါ မာရ်နတ်ကို အောင်မြင်ခန်း ပန်းချီကားများတွင် မြေစောင့်နတ်က ဆံမှရေများကို ညှစ်ချလိုက်သဖြင့် မာရ်နတ်နှင့်သူ၏စစ်တပ်သည် ရေလှိုင်းများနောက်သို့ မျောပါသွားသည့် ပုံကိုအများဆုံး ရေးဆွဲလေ့ရှိ၏။

ထိုပုံကား အမှားပင်ဖြစ်၏။ အမှန်ကား - မာရ်နတ်နှင့်တကွ သူ၏စစ်တပ်ကြီး လာရောက် နှောက်ယှက်သောအခါ ဘုရားရှင်သည်"ငါပြုခဲ့သော ပါရမီကုသိုလ်များကို ဟောဒီ မဟာပထဝီမြေကြီးက သိပါသည်" ဟုပြောဆိုပြီး မြေကြီးကိုလက်တော်ဖြင့် သုံးသပ်လိုက်၏ ။

ထိုအခါ မြေကြီးသည် မှန်ကန်ကြောင်း ထောက်ခံသည့်အလား တော်လဲသံကြီး မြည်ဟီးပြီး အိုးထိန်းစက်ပမာ သွက်သွက်ခါအောင် လှုပ်လေ၏ ။ ထိုအခါ မာရ်နတ်နှင့်တကွ သူ၏အသင်းအပင်းများသည် ကြောင့်လန့်တကြား ထွက်ပြေး ပျောက်ကွယ်သွားကြခြင်း ဖြစ်၏ ။ အမှန်ကို ပြန်ရောက်အောင် ပန်းချီဆရာများက ပြုပြင်ရေးဆွဲသင့်ပါ၏ ။