ကူးတို့ခပြဿနာ


            *          သေရွာကာလ ၊ရောက်ကြသောအခါ 
                        ကိုယ့်နောက် ကိုကား ၊ ဘာများပါမှာ
                        ပစ္စည်းစုစု ၊ တစ်ခုမပါ
                        ကိုယ်ပြုထားကံများပါ မည်သာ ။
              *         အထုပ်ကလေး တစ်ပြင်ပြင်
                        ကိုယ့်နောက်ပါမည်ထင်
                        အထုပ်ရှင် သေလို့သွား 
                        ကျန်တဲ့သူတွေ ဝေလို့စား
                        အထုပ်ရှင်မှာအလကား
                        ဘာမှလည်းပါမသွား
                        သေရွာ ကျတော့ အပါယ်လား
                        နိဗ္ဗာန်ရောက် ဖို့အခက်သား ။
         
                                                (  တိပိ ဋကဓရဆရာတော် ဦးကောသလ္လ  )

                  အထက်ပါကဗျာလေးကို ဗုဒ္ဓဘာသာဝင်တိုင်း နာဖူးကြ ၊ကြားဖူးကြပါ၏ ။ 
ကိုယ်သေရင် ဘာမှပါတာမဟုတ်ဘူး ။ ဝတ်ပေးလိုက်တဲ့အဝတ်စားက ကောင်းနေရင်တောင် သုဘရာဇာကချွတ်ယူလိုက်သေးတယ်။
ကိုယ်လုပ်ထားတဲ့ ကုသိုလ်ပဲကိုယ့် နောက်ကိုပါမှာပါ ။

                  စသောသံဝေဂ စကားများကိုလည်း ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ပြောဆိုဖူးကြ၏ ။ ဤကဗျာ၏ ဆိုလိုရင်းနှင့် ဤစကား၏
အဓိပ္ပါယ်တို့မှာ ဘုရားဟောနှင့် တစ်ထပ်တည်း ကျအောင်မှန်ကန်၏ ။ ဗုဒ္ဓဘာသာဝင်တို့သည် နားထကမှန်ကန်သောအသံတို့ကို ကြားရ
ပြီး ပါးစပ်က မှန်ကန်သောစကားကို ပြောဆိုနေကြတော်လည်းအသိ ဥာဏ်သည်ကား မှားယွင်းသောအယူ အဆတစ်ခုခုကို လက်ခံ
နေတုန်းပင်ဖြစ်၏ ။

             ထိုအယူဆကား သေသူ၏ ' ပါးစပ်ထဲတွင် ကူးတို့ခ ထည့်ရမည် ' ဟူသော အယူဆဖြစ်၏ ။ မည်သူစ၍ ထွင်းခဲ့သည်မသိ ၊
ကူးတို့ ခမထည့် လျှင်ပင် ဘဝကူးမကောင်းနိုင်တော့သလိုထင်နေ ကြ၏ ။ သံသရာကူးပြောင်းရာတွင် ကုသိုလ်ကံက ကောင်းသော
နေရာသို့ ပို့ပေး၍ အကုသိုလ်ကံက မကောင်းသောနေရာသို့ပို့ ပေးခြင်းဖြစ်သည် ။ 
            ကူးတို့ခ ဆိုသည်ကား ဘဝကူးပြောင်းရာ၌ ဘာမှပတ်သက်မဟုတ်ပါချေ ။ ကူးတို့ခ သမိုင်းကြောင်းကို ကျွန်ုပ်တို့ မှတ်သားရ
ဖူးသည်မှာ ရှေးခေတ်မြန်မာများသည် သီလလုံခြုံ၏ ။ လောဘအလွန်နည်း၏ ။ မည်သူမျှငွေကို အပိုအနေဖြင့် စုဆောင်းထားခြင်းမရှိ။
ပစ္စည်းဥစာ အသုံးအဆောင်များကို ငွေကြေးနှင့်ဝယ်ယူခြင်း မရှိကြပဲလဲလှယ် သုံးဆောင်လေ့ရှိကြသည် ။
           ထို့ကြောင့်လောဘနည်းကြသော မြန်မာတို့၏အလည်တွင် ငွေကြေးဆိုသည်မှာ ဘာမှတန်ဖိုး ရှိသောအရာမဟုတ်ကြပေ ။
လောဘနည်းပြီး သီလလုံခြုံကြသော အနီးစပ်ဆုံးမြန်မာ များအကြောင်းကို တင်ပြရလျှင် အမရပူရခေတ် မှ ဘိုးတော်မင်းတရားနှင့်
ပြည်သူအားလုံးတို့သည် လောဘနည်းပြီး သီလလုံခြုံကြသောကြောင့် သက်တမ်းပြည့်နေကြရ၏ ။ အနာရောဂါ ကင်း၏ ။
           အသက်တစ်ရာပြည့် မှသာသေကြရသဖြင့် အသုဘတစ်ခုနှင် ကြုံကြိုက်ဖို့ရာ အင်မတန်ခဲယဉ်း၏ ။ လူတစ်ယောက်သေလျှင်
ကြိတ်ကြိတ်တိုးကြည့် ကြရသည်ဆို၏ ထိုသို့ လူအသေပျောက်အလွန်နည်းပါးသောကြောင့် ' အမရပူရ - သေခြင်းမရှိသောမြို့ ' ဟု
အမည်ပေးထားခြင်းဖြစ်သည်။
          ရှင်အရဟံနှင့် အနော်ရထာမင်းတို့၏ ကျေးဇူးကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ်များဖြစ်ကြသဖြင့် သေသူနှင့်ပတ်သက်၍
အပိုကုန်ကျမည့် ပကာသန အလုပ်များ တစ်ခုမျှ မလုပ်ကြပေ ။ သေသူအတွက်တကယ် ကျိုးရှိမည့် အလုပ်များကိုကား ဟာကွက်မ
ရှိအောင် ပြုလုပ်လေ့ရှိကြ၏ ။
        ဥပမာအားဖြင့် -              သေသည်နှင့်တစ်ပြိုင်နက် ရဟန်းသံဃာတော်များကိုပင့်ဖိတ်ပြီး ဆွမ်း ၊သင်္ကန်း စသောလှူဖွယ်
ဝထ္ထု မျိုးစုံကိုပြည့်စုံအောင် လှူကားအမျှ အတန်းပေးဝေလေ့ရှိ၏ ။ တတ်နိုင်သောသူများဆိုလျှင် ၊ကျောင်းကန်ဇရပ်များကိုပါ 
ဆောက်လုပ်လှူဒါန်းပြီးအမျှ အပေးဝေ၏ ။
                 ကျန်ရစ်သူများက အစားအစာလှူဒါန်း ပြီးအမျှပေးဝေလျှင် တစ်ဖက်လူမှာ အစားစာကိုရရှိ၏ ။  အဝတ်အထည်လှူပြီး
အမျှပေးဝေလျှင် အဝတ်အထည်ကိုရ၏ ။ အဆောက်အဦးပေးလှူပြီး အမျှပေးဝေလျှင်အဆောက်အဦးကို ရရှိ၏ ။
ရေကန်ကိုပေးလှူပြီး အမျှပေးဝေလျှင် ရေကန်ကိုရရှိ၏ ။ထိုအချက်ကို သေချာစွာသိရှိထားသောရှေးမြန်မာကြီးများသည် ၊အလှူမျိုး
စုံကိုပေးလှူပြီး အမျှပေးရန်ကိုသာ အဓိကထားကြ၏ ။
                သေသူအတွက်ရော ၊ ကျန်သူများအတွက်ပါ ဘာမျှအကျိုးမရှိသည့်အလောင်းကောင်ကို မိတ်ကပ် ၊ပေါင်ဒါ ခြယ်သခြင်း
ဓါတ်ပုံများရိုက်ခြင်း ၊ဝမ်းနည်း ကြောင်းကြော်ငြာထည့်ခြင်း ၊ငွေများစွာကုန်သည့် အခေါင်းကိုပြု လုပ်ခြင်း ၊အုပ်ဂူပြုလုပ်ခြင်း စသော
အလုပ်တို့ကို တစ်ခုမျှမလုပ်ပေ ။ ဖျာဟောင်းတစ်ခုပတ်ပြီလူ နှစ်ယောက်ထမ်းကာ မြစ်ကမ်းစပ်တွင်သွားထားသည် ။
မြစ်တစ်ဖက်ကမ်းရှိ လူသူမရှိသော တောကြီးကို သုသာန်အဖြင့် သတ်မှတ်ထားသည် ။ပြန်ခါနီးတွင် လူသေ၏ ပါးစပ်ထဲတွင်လည်း
သုဘရာဇာ အတွက်ဟိုဘက်ကမ်းပို့ ခ (ကူးတို့ခ) အဖြစ် ငွေတစ်မတ်ထည့်ပေးခဲ့သည် ။
     အချို့ကလည်း ခေါင်ရမ်းပန်းကို လူသေ၏ ခေါင်းတွင် ပန်ပေးလိုက်သည်နှင့် ရှေး မြန်မာကြီးတို့၏ သီလတန်ခိုးကြောင့်လူသေ
သည် သူ့အလိုလို သုသာန်ရှိရာ မြစ်ကမ်းစပ်သို့ ထသွားသည်ဟုအဆိုရှိ၏ ကမ်းစပ်ရောက်သည်နှင့် သုဘရာဇာက ခေါင်းမှ ခေါင်ရမ်း
ပန်းကို ဖြုတ်လိုက်သည် ။ ထိုအခါလူသေသည် မြေပေါ်သို့လဲကျသွား၏  သုဘရာဇာက ပါးစပ်ထဲမှငွေ တစ်မတ်ကိုထုတ်ယူပြီးတစ်
ဖက်ကမ်းသို့ ပို့ပေးလိုက်သည် ။ တစ်ဖက်ကမ်းရောက်သည်နှင့် မြေကြီးပေါ်သို့ အသာချထားလိုက်သည်။ ညအခါတွင်သားစား
တိရစ္ဆာန်တို့က လာရောက်စားသောက်ပစ်လိုက် တဖြင့်သေသူအတွက် ဒါနကုသိုလ်ထပ်မံ ဖြစ်ရပါသေးသည် ။
        ဤရည်ရွယ်ချက်ဖြင့် အလောင်းကို မြေမြုပ်ခြင်း၊ ဂူသွင်းခြင်း ၊မီးရှို့ခြင်းတို့ကိုရှေး  မြန်မာကြီးများမပြုလုပ်ကြခြင်းဖြစ်သည်။
လူသေ၏ ခေါင်းတွင် ခေါင်ရမ်းပန်းပန်ပေး ရုံမျှနှင့် မည်သူမျှလိုက်ပို့ စရာမလိုပဲ သူ့အလိုလိုထသွားသည်ဆိုသော အချက်ကို ယခု
ခေတ်လူများအနေဖြစ် ယုံချင်မှယုံမည် ။
                          ဣဇ္ဈယတိ ဘိက္ခဝေ သီလဝတော
                          စေသောပဏိဓိ ဝိသုဒ္ဓတ္တာ ။( အဂုင်္တ္တျိရ်ပါဠိတော်)
ချစ်သား ၊ချစ်သမီးတို့ သီလရှိသောသူတို့၏ အလိုဆန္ဒသည် စင်ကြယ်သောကြောင့် အလိုဆန္ဒမှန်သမျှပြည့် စုံရ၏ ။ 
ဤကား ဘုရားဟောဖြစ်၏ ။ ကျွန်းကြီးလေးကျွန်းတွင် တောင်ကျွန်းနေသူများသည် သက်တမ်းအမြဲမရှိ ၊ဆယ်နှစ်နင့်သေသူများရှိသ
လိုအနှစ်တစ်ရာနေမှ သေသူများလည်းရှိ၏ ။ အရှေ့ကျွန်းနေသူများမှာ နှစ်ပေါင်း ခုနှစ်ရာအသက်ရှည်၏ ။ အနောက်ကျွန်းကား အနှစ်
ငါးရာအသက်ရှည်၏ ။မြောက်ကျွန်းကားအနှစ် တစ်ထောင်အသက်ရှည်၏ ။
မြောက်ကျွန်းသူ ၊မြောက်ကျွန်းသားများအသက် တစ်ထောင်ထိ အသက်ရှည်ရခြင်းမှာ သူတို့လုံခြုံအောင်စောင့်ထိန်းထားကြသောသီ
လတန်ခိုးကြောင့်ပင်ဖြစ်၏ ။ မြောက်ကျွန်းသူ မြောက်ကျွန်းသားများအားလုံး သည်သီလတန်ခိုးကြောင့် အားလုံးကျမ်းမာသန်စွမ်းပြီး
လူချော လူလှတွေချည်းဖြစ်၏ ။ 
                 ဗုဒ္ဓလက်ထက်တော်က ဇောတိကသူဌေး မယား အတုလကာ ရီ သည်မြောက်ကျွန်းသူဖြစ်၏ ။ဇောတိက သူဌေးအတွက်
နတ်များကယူဆောင်ပေးခြင်းဖြစ်၏ ။ သူမ၏ ခန္ဓာ ကိုယ်သည်နွေအခါတွင်အေး ပြီး ဆောင်းအခါတွင်နွေ၏ ။ သီလတန်ခိုးကြောင့်သ
ဘာဝက ဖန်တီပေးထားခြင်းဖြစ်၏။ မြောက်ကျွန်းသူ မြောက်ကျွန်းသား တို့သည် ကလေးမွေးပြီးလျှင်နို့ တိုက်ကျွေးစရာမလို ၊ကလေး
ကိုတွေ့သမျှလူများက ကလေး၏ပါးစပ် ထဲမိမိတို့လက်ထည့်ပေးလိုက် ဖို့သာလို၏ ။ ထိုလက်ညှိုးကပင် နို့ထွက်လေ ၏ ။
 သူတို့တွင်မည် သည့်အနာရောဂါမှမရှိသဖြင့်ဆေးကုစရာလည်းမလိုအပ်ပေ ၊အဆောက် အဦးအတွက်လည်းကိုယ်တိုင် အိမ်ဆောက်
စရာမလို သစ်ပင်က အိမ်ဖြစ်ပေးရ၏ ။
                   ဝတ်ရေးစားရေးအတွက် လည်းပူပင်စရာမရှိ ပဒေသာပင်များကလိုရာကို သီးပေးရသည် ။အထူးခြားဆုံးက မြောက်
ကျွန်းသူ မြောက်ကျွန်းသားများတစ်ယောက်သေလျှင် ၊အပင်ပန်ခံပြီး သင်္ဂြိုဟ်စရာမလိုပေသေသူအား အဝတ်ဖြူနှင့် ပတ်ကာရွာလည်
ရှိ ၊ကျောက်ဖျာပေါ်တွင်တင်ထားလိုက်ယုံ သာရှိသည် ။သူတို့၏ သီလတန်ခိုးကြောင့် ဧရာမ ငှက်ကြီးများက ရုပ်အလောင်းကိုလာချီ
ကာပင်လယ်ထဲသို့ ပစ်ချပြီ သင်္ဂြိုဟ်ပေးကြသည် ။
                   ဤအချက်ကိုထောက်ဆ၍ ရှေးမြန်မာကြီးများ၏ သီလတန်ခိုးကြောင့်လူသေကို ခေါင်ရမ်းပန်း ပန်ပေးလိုက်သည်နှင့်
သူ့အလိုလို သုသာန်ရှိရာသို့ ထသွားသည်ဆိုခြင်းမှာ ဟုတ်နိုင်ဖွယ်ရှိသည်ဟု ထင်မိ၏ ။ ရှေးခေတ်က ကူးတို့ခ ထည့်ပေးသည်မှာ
သုဘရာဇာ အတွက်သာဖြစ်ကြောင်းစာရှုသူများ သိလောက်ပေပြီ ။
                 ယခုခေတ်တွင်ကား- သုဘရာဇာများအတွက် ကျင်းတူးခ ၊ အခေါင်းခ များကိုသီးသန့်ပေးနေရပြီ ဖြစ်သဖြင့် ကူးတို့ခ
ထည့်စရာမလိုကြောင်းထင်ရှာ၏ ။ တဖန်သံသရာအတွက်လည်း (ကူးတို့ခ) နှင့်ဘာမှမဆိုင် ' ကုသိုလ်၊အကုသိုလ် ' နှင့်သာဆိုင်
ကြောင်း ထင်ရှားပေါ်လွင်နေ၏ ။ လူဆယ်ယောက်သေလျှင်၊ငွေ နှစ်ကျပ်ခွဲ၊ မြေကြီးထဲရောက်ပြီး အလကားဖြစ်ရ၏ ။အယောက်
တစ်သန်းဆိုလျှင် ငွေ(၂၅၀၀၀၀) မြေကြီးထဲတွင်အလကား ဖြစ်ပြီးပျက်စီးသွားရ၏ ။မြန်မာပြည်၏ ခေတ်အဆက်ဆက်တွင်လူပေါင်း
သန်းနှင့်ကျော်၍သေဆုံး သွားခဲ့ပြီးဖြစ်ရာငွေများသည်လည်း သန်းနှင့်ချီ ခဲ့လေပြီ ။
         မှားယွင်းသည့်အယူအဆ တစ်ခုကြောင့် ဘာသာရေး ၊လူမှုရေး ၊ကျန်မားရေး မည်သည့်အတွက်မှအကျိုးမရှိပဲ မြေကြီးထဲတွင်
ပျက်စီးသွားရသောငွေများကို တွေးမိတိုင်း နှမြောစရာ ကောင်းလှတော့၏ ။ မည်သည့်ကောင်းကျိုးမှမရှိသော အယူအဆကြီးကို
အလျှင်အမြန် ပယ်စွန့်နိုင်ကြပါစေ ။
                      
မေတ္တာရှင် ( ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် စာအုပ်မှထုတ်နူတ်တင်ပြပါသည် ။