ထေရဝါဒစာပေကို လေ့လာဖူးခြင်းမရှိသော သူများသည် မီးလွတ်စားခြင်းကိုပင် သာသနာတော်အကျင့်ဟု လွဲမှားစွာယုံကြည်လျက် ရှိကြ၏။ သာသနာရေး ဗဟုသုတ ချွတ်ချုံကျသူများက မီးလွတ်စားနေသူဆိုလျှင် သူတော်စင် သူတော်မြတ်ပမာ ကိုးကွယ်တတ်ကြ၏။ ဤသူများအနေဖြင့် သတိထင်ထင် ဆင်ခြင်နိုင်စိမ့်သောငှါ အနန်းပင်တောရဆရာတော် က ဗုဒ္ဓအလိုတော်ကျ မီးလွတ်စားနည်းကို ဤသို့ ညွှန်ပြတော်မှုခဲ့ပါ၏။
